Sunday, March 22, 2026
Home » စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

0 29
29

🟥စစ်ကောင်စီ တပ်ဖွဲ့၀င် ၆ဦးသေဆုံးပြီး အရာရှိနေအိမ်နဲ့ လူပျိုဘားတိုက် မီးလောင်ပျက်စီးခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ကေတုမတီမြို့ အခြေစိုက် စစ်ကောင်စီရဲ့‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို B.W.M အဖွဲ့နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အရာရှိနေအိမ်၁လုံးနဲ့ လူပျိုဘားတိုက် တစ်ခြမ်းမီးလောင်သွားကာ စစ်ကောင်စီ တပ်ဖွဲ့၀င် ၆ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ၄ဦးရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

ဩဂုတ်လ ၂၆ရက်နေ့က စစ်ကောင်စီရဲ့ ကေတုမတီမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို B.W.M အဖွဲ့နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ဦးသေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိကာ အဆောက်အအုံတွေပျက်စီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ကနဦးသိရသလောက်တော့ အရာရှိနေအိမ်၁လုံးနဲ့ လူပျိုဘားတိုက် တစ်ခြမ်းမီးလောင်သွားတယ်။ အရာရှိစစ်သည်အပါအ၀င် အားလုံး ၆ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်”

လို့ တပ်တွင်းသတင်းရင်းမြစ်က BBMကိုပြောပါတယ်။ အဲ့ဒီနေ့မှာပဲ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံး ၉လုံးနဲ့ အောင်မြင်စွာပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းသား အရာရှိ ၄ဦးနဲ့ သန္ဓေစစ်သည် ၉ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar(B.W.M)ရဲ့ တာ၀န်ရှိသူက BBMကို ဖြေကြားထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors For Myanmar(B.W.M)အဖွဲ့နဲ့အတူ Mountain Knight Civilian Defense Forces(MKCDF)နဲ့ Anti-Coup People’s Liberation Force(ACPLF)၊ KNLA တပ်မဟာ၂၊ တပ်ရင်း၅တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

BBM #News #BWM #BraveWarriorsForMyanmar #Bago #Myanmar

Leave a Comment

Latest Post

Latest Post