Tuesday, December 23, 2025
Home » နောင်ပိန်ကျေးရွာနဲ့ ဂုတ်ထိပ်တံတားကို စစ်ကောင်စီပြန်လည် ထိန်းချုပ်

နောင်ပိန်ကျေးရွာနဲ့ ဂုတ်ထိပ်တံတားကို စစ်ကောင်စီပြန်လည် ထိန်းချုပ်

0 21
21

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာနဲ့ နောင်ချို – ကျောက်မဲမြို့ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းကိုပါ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


စစ်ကောင်စီဟာ နောင်ပိန်ကျေးရွာနဲ့ ဂုတ်တွင်းလမ်းပိုင်းကိုပါ အပြည့်အဝထိန်းချုပ်သွားနိုင်တာကြောင့် အဲဒီလမ်းပိုင်းက ကျိုးသွားတဲ့တံတားတွေကိုလည်း ထောက်ပို့လမ်းကြောင်းအဖြစ် စစ်ကောင်စီက အသန်းအသန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။


“ဂုတ်ထိပ်တံတားက ကျောက်မဲဘက်အခြမ်းမှာ နောင်ပိန် လမ်းခွဲနဲ့ နီးလို့ ဂုတ်ထိပ်ရသွားတဲ့စကစဟာ ဂုတ်တွင်းလမ်းပိုင်းကို အပြည့်အဝရသွားတဲ့သဘောပါ”

လို့ ရှမ်းမြောက်က ဒေသခံ တစ်ဦးက BBM ကို ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ပေ ၃၀ ခန့် ကျိုးကျပျက်စီးသွားတဲ့ ကျောက်မဲဘက်ခြမ်းက ဂုတ်ထိပ်တံတားကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီး ထောက်ပို့လမ်းကြောင်းအဖြစ်အမြန်ဆုံး အသုံးပြုနိုင်ဖို့ အဆိုပါတံတားကို စစ်ကောင်စီက မနေ့က သြဂုတ်လ ၂၉ ရက်နေ့ကပင်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။


ဂုတ်တွင်းလမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် နောင်ချို- ကျောက်မဲလမ်းပိုင်းမှာ စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်းအဖြစ် လွယ်ကူသွားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ် TNLA ကိုယ်စားလှယ်တို့ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဆွေးနွေးပွဲအဖြေမထွက်ခဲ့ဘူးလို့လည်း သိရပါတယ်။


ဒါကြောင့် တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်တယ်လို့လည်း ရှမ်းမြောက်က ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Leave a Comment

Latest Post

Latest Post