Sunday, December 21, 2025
Home » ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

0 19
19

🟥စကစ တပ်ဖွဲ့၀င် ဗိုလ်ကြီး ၁ဦးအပါအ၀င် ၈ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား လက်နက်ငယ် (၇)လက်၊ RPG (၁)လက် ၊ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေအပါအ၀င် အင်အား ၁၀၀ကျော်ရှိ စစ်ကြောင်းဟာ ၀င်ရောက်လာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ဗိုလ်ကြီး ၁ဦးအပါအ၀င် ၈ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

စောဒိုရှင်း က BBMကိုပြောပါတယ်။

စက်တင်ဘာလ၂ရက်နေ့က ကျောက်ကြီးမြို့နယ်အတွင်းက ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အင်အား၁၀၀ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၄နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီး ၁ဦးအပါအ၀င် ၈ဦးသေဆုံးပြီး အများအပြားသေဆုံးပြီး လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နဲ့ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိ သိမ်းဆည်းရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

စောဒိုရှင်းက ဆက်‌လက်ပြောကြားပါတယ်။

“ရန်သူ့ဘက်က ဒီကျွန်တော်တို့စိုးမိုးထားတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက ရွာတွေကို စစ်ကြောင်းထိုးလာတာပါ။ စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ ပျူစောထီးတွေအပါအ၀င် အင်အား၁၀၀ကျော်ပါပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့အခါမှာလည်း ဗိုလ်ကြီး အဆင့်အပါအ၀င် အခြားအဆင့် ၈ယောက်ရဲ့ Dead Bodyတွေ ကောက်ယူရရှိခဲ့ပါတယ်”လို့ တာ၀န်ခံ စောဒိုရှင်းက ပြောကြားထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၄နာရီကျော်ကြာခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအပါအ၀င် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆက်လက်ဖြေကြားပါတယ်။

“တိုက်ပွဲကတော့ လေးနာရီလောက်ကြာပြီးတော့ ဒီ ရန်သူဘက်ကနေပြီးတော့ လေကြောင်းကနေ ပေါင် ၁၀၀ဗုံးကြဲတယ်။လက်နက်ကြီးနဲ့ပစ်တယ်။ ၈၁တို့ ၆၀မမတို့နဲ့ ပစ်တယ်ဗျ”လို့ တာ၀န်ခံ စောဒိုရှင်းက ဆက်လက်ဖြေကြားထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နဲ့ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အထိနာကာ တပ်ဆုတ်သွားလို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က ပူပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာပဲဖြစ်ပါတယ်

ပုံ-အမှတ်၂ စစ်ဆင်ရေးနယ်မြေ

#BBM#News#UpdateNews#junta#Battle#Peopledefenseforce#Bago#ပြည်သူ့ကာကွယ်ရေးတပ်မတော်

Leave a Comment

Latest Post

Latest Post