Monday, December 22, 2025
Home » မြင်းခြံ Non CDM တက္ကသိုလ် ဆရာ/ဆရာမ တွေက တက္ကသိုလ်ကျောင်းသားတွေဆီက ပျူခေါင်းဆောင်သီတာယုမွန်အတွက်ဆက်ကြေးကောက်ခံ

မြင်းခြံ Non CDM တက္ကသိုလ် ဆရာ/ဆရာမ တွေက တက္ကသိုလ်ကျောင်းသားတွေဆီက ပျူခေါင်းဆောင်သီတာယုမွန်အတွက်ဆက်ကြေးကောက်ခံ

0 23
23

မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင် သီတာယုမွန် စီးပွားရေးသောင်းကြမ်းလျက် ရှိနေပြီး စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း၊ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာ ဝင်ရောက် ဗိုလ်ကျအမြတ်ထုတ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားတွေပါမချန်ဆက်ကြေးကောက်နေတယ်လို့ သိရပါတယ်။

“ကျောင်းသားတွေဆီကနေကောက်တာ‌ပေါ့။ ကျောင်းသားတစ်ယောက်ချင်းစီအနေနဲ့ ပါမောက္ခတစ်ယောက်ကို ၅၀၀၀၀၊ Supervisor တစ်ယောက်ကို ၃၀၀၀၀၊ P2 တစ်ယောက်ကို ၂၀၀၀၀၊ APတစ်ယောက်ကို ၂၀၀၀၀ အဲ့လို ကန်တော့ရမယ်ဆိုပြီးတောင်းတာ။ အကုန်လုံးပေါင်းလိုက်ရင် ကျောင်းသားတစ်ယောက်အနေနဲ့ သုံးသိန်းလောက်ကျတယ်။ အဲ့ပိုက်ဆံ‌တွေကိုကျောင်းက ဆရာ/ဆရာမတွေက သီတာယုမွန်ကို ပြန်ပေးရတယ်။ စောင့်ရှောက်ခ ခေါင်းစဉ်တပ်ပြီး ဆက်ကြေးတောင်းတာပေါ့”

ဟု မြင်းခြံတက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး ဂျုပ်ပင်ကျေးရွာ‌နေ မြင်းခြံတက္ကသိုလ်မှ ကျောင်းသားမိဘတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ

“တစ်ယောက်ကို သုံးသိန်းအထက် ကုန်ပါတယ်။ ဒီလိုပေးရတာတွေ အပြင်ကို ပြန်မပြောဖို့လည်း ခြိမ်းခြောက် နှုတ်ပိတ်ထားပါတယ်”

လို့ ပြန်လည်ဖြေကြားထားပါတယ်။ ဒီကိစ္စတွေအပြင် မြင်းခြံမြို့ပေါ် အိမ်ခြံမြေဈေးကွက်မှာ သီတာယုမွန်က လက်နက်ပြမိုက်ကြေးခွဲ အမြတ်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး ဩဂုတ်လတစ်လတည်းမှာပင် သိန်းခုနှစ်ထောင်ကျော်ရရှိခဲ့တယ်လို့ ပျူအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

မြင်းခြံစက်မှုဇုန်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း သီတာယုမွန်ထံကို စောင့်ရှောက်ခလို့ဆိုကာ လစဉ်ဆက်ကြေးအဖြစ် ငွေကြေးအမြောက်အမြားပေးနေရတယ်လို့လည်း သိရပါတယ်။

KTVနောက်ခံ အသိုင်းအဝိုင်းကလာတဲ့ သီတာယုမွန်ဟာ ၎င်းကျင်လည်ခဲ့ဖူးတဲ့ အသိုင်းအဝိုင်းမှ မိန်းကလေးငယ်အမြောက်အမြားကိုခေါ်ယူကာ ၎င်းရဲ့အိမ်အနီး လုံခြုံရေးအဖြစ် စီမံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပျူစောထီးတွေကို လစာအဖြစ်သီးသန့်သတ်မှတ်ပေးထားခြင်းမရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာစားကြဖို့ ပြောထားတာကြောင့် ပျူစောထီးတွေ အတင့်ရဲနေတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပုံ-မြင်းခြံတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အရာရှိတစ်ဦးကို တွေ့ရစဉ်(ပုံအဟောင်း)

#BBM#News#UpdateNews#Myingyan#သီတာယုမွန်#Mandalay#Junta

Leave a Comment

Latest Post

Latest Post