Sunday, December 21, 2025
Home » မြင်းခြံမှာ ဆက်ကြေးကောက်လုယက်နေတဲ့ စကစတပ်ဖွဲ့ကိုတိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်းအပါ စကစတပ်သား ၇ ဦးသေဆုံး

မြင်းခြံမှာ ဆက်ကြေးကောက်လုယက်နေတဲ့ စကစတပ်ဖွဲ့ကိုတိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်းအပါ စကစတပ်သား ၇ ဦးသေဆုံး

0 21
21

🟥လက်နက် ၈ လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မြင်းခြံမြို့နယ်မှာ ပြည်သူထံမှ ဆက်ကြေးကောက်လုယက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်းအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက BBM ကို ပြောပါတယ်။

ကုက္ကဲအထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို နေ့စဉ်ဆက်ကြေးကောက် အနိုင်ကျင့်လုယက်နေတာကြောင့် သတင်းရယူပြီး စက်တင်ဘာလ ၂ ရက်၊ မနက် ၉ နာရီ ၁၅ မိနစ်မှာ ရှေ့ထွက်ပဒေသာမိုင်းနဲ့ အသင့်စောင့်ဆိုင်းဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး MA3 ၆ လက်၊ ကျည်ဘောက် ၂၀ ခု၊ MA5 ၁ လက်၊ ၆၀ မမ ၁ လက်၊ 5.56 ကျည် ၉၀၄ တောင့်၊ ၉ မမ ကျည် ၅ တောင့်၊ ၆၀ မမ ၃ ဖူး၊ အိနာဂါ ၂ ဖူး၊ ဓား ၅ ချောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူလှည့် ၁ ချောင်း၊ ငွေသား ၁၄၉၂၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ လက်ပတ်နာရီ ၂ လုံးနဲ့ စစ်အသုံးအဆောင်အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“သေဆုံးတဲ့ ၇ ယောက်ထဲမှာ သုံးပွင့်နဲ့ ဗိုလ်ပါပါတယ်၊ သုံးပွင့်နဲ့ အောင်သောင်းပါ၊ တိုက်ခိုက်တာကတော့ ကျနော်တို့ တစ်ဖွဲ့ထဲပါ”

လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက BBM ကို‌ပြောပါတယ်။ ပြည်သူတွေကို အနိုင်ကျင့်လုယက်နှိပ်စက်နေတဲ့ စစ်ကောင်စီကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ တိုက်နယ်(၁)အနေနဲ့ ဆက်လက်တိုက်ခိုက်သုတ်သင်ရှင်းလင်းသွားမှာ ဖြစ်ကြောင်း အဆိုပါတပ်က အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊လေကြောင်းတို့နဲ့ တိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေတူးပြီး အသင့်အနေအထားနဲ့ အထူးသတိပြုနေထိုင်ကြဖို့ကိုလည်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မြင်းခြံမြို့နယ်က တိုက်တွန်းထားပါတယ်။

Video- ရွှေခြံသားပြောက်ကြားတပ်ဖွဲ့

#BBM#News#UpdateNews#ရွှေခြံသားပြောက်ကြားတပ်ဖွဲ့

Leave a Comment

Latest Post

Latest Post