Sunday, December 21, 2025
Home » ပုလောမြို့နယ်မှာ အထက ကျောင်းအတွင်းတပ်စွဲထားတဲ့ စကစ တပ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်

ပုလောမြို့နယ်မှာ အထက ကျောင်းအတွင်းတပ်စွဲထားတဲ့ စကစ တပ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်

0 19
19

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းမှာ အတက်တန်းကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၂လုံးပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦ်းက BBM ကိုပြောပါတယ်။

စက်တင်ဘာလ ၃ရက်နေ့က ပုလောမြို့နယ်၊ လှည်းကျွန်း၀ကျေးရွာကို တစ်မိုင်ကုန်းနားက အထက(ခွဲ)ပေါင်း အတွင်း ၀င်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်း PDFတွေရှိတယ်လို့စွပ်စွဲကာ အခုလို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

“လှည်းကျွန်း၀ရွာမှာက တစ်မိုင်တောင်စခန်း အသိမ်းခံရကတည်းက လူတွေသိပ်မနေကြတော့ဘူး။ ဘုန်းကြီးကျောင်းမှာတောင် ဘုန်းကြီးတွေကိုယ်တိုင် စစ်ဘေးရှောင်နေကြတာ။ လူထိခိုက်မှုတော့မရှိဘူး။ စစ်ရှောင်နေကြတော့။ အိမ်၂ဆောင်တော့ ပြဲသွားတယ်”လို့ ‌ဒေသခံ‌သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၃ ရက်နေ့ကလည်း ပုလော၊ အထဲစုရပ်ကွက်ကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး နောက်ကျော ဗုံးစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီဘက်တွေမှာက စစ်ကောင်စီက လေကြောင်းထက် ဒရုန်းကိုပိုပြီးအသုံးပြုလာတာရှိတယ်။ နေအိမ် ထိခိုက်ပျက်စီးမှု တွေလည်း ရှိတယ်။ လောလောဆယ်တော့ ထိခိုက်ဒဏ်ရာရရှိသူကို ပုလောဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” သူကဆက်လက်ဖြေကြားထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၃မြို့နယ်ကို လေကြောင်းက‌သာမက စစ်မှုထမ်းအင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်‌နေတာပဲဖြစ်ပါတယ်။

ပုံ-ပုလောမြို့၀င်ဆိုင်းဘုတ်(ပုံဟောင်း)

#BBM#News#UpdateNews#Palaw#Junta#DroneAttack

Leave a Comment

Latest Post

Latest Post