Sunday, December 21, 2025
Home » ပွင့်ဖြူမှာ အင်အား၂၀၀ကျော်ပါစကစ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၃ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွား

ပွင့်ဖြူမှာ အင်အား၂၀၀ကျော်ပါစကစ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၃ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွား

0 20
20

🟥စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅၀ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား၂၀၀ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၃ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅၀နဲ့အထက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

စက်တင်ဘာလ ၄ရက်နေ့မှ ၆ရက်နေ့အတွင်း ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်း၊ အင်းကုန်း၊ ကနီ၊ မဒဲ၊ တစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅၀နဲ့အထက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်ရဲ့ပြောကြားချက်အရသိရပါတယ်။

“မနေ့(စက်တင်ဘာ ၅ရက်)‌က တစ်နေကုန်တိုက်ပွဲဖြစ်တာ။ စခတွေ တော်တော်သေတယ်။ နည်းနည်းပဲကျန်တဲ့ကောင်တွေက ထွက်ပြေးသွားတယ်။ ပုန်းနေကြတဲ့ကောင်တွေလည်းရှိတယ်။ အင်အား၂၀၀က ဘယ်လောက်မှ မကျန်တော့ဘူး။ အလောင်းတောင် မကောက်နိုင်ကြဘူး”

လို့ အဆိုပါဒေသခံက ဆက်လက်ပြောကြားပါတယ်။ ၃ရက်တာ တိုက်ပွဲအတွင်း ပထမရက်မှာ မုန်းချောင်းရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို စစ်ကြောင်းထိုးပြီး မုန်းချောင်းတောင်ဘက်အရောက်မှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် တစ်စုသေပြီး ရွာကိုလည်း မီးရှို့သွားတယ်လို့ ပြောပါတယ်။

နောက်တစ်ရက်မှာ ကနီနဲ့ အင်းကုန်းရွာကြားမှာ မိုင်းဆွဲခံထိပြီး စစ်ကောင်စီတပ်သား ၃၀ထပ်သေပြီး မနေ့ကတိုက်ပွဲမှာ ၅ဝလောက်သေတယ်လို့ ‌အဆိုပါဒေသခံက ဆက်လက်ပြောကြားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ပြည်သူ့စစ်တွေနဲ့ အများဆုံး စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ တိုက်ရည်ခိုက်ရည်လည်း မရှိတာ့ဘူးလို့ သူကဆက်လက်ပြောကြားပါတယ်။

“အခုက ဒီကောင်တွေဘက်က ဘာဗျူဟာမှ မရှိတော့ဘူး။ ရွာထဲ၀င် ရွာသားတွေကိုပေါ်တာဆွဲ၊ မိုင်းနင်းခိုင်း၊ ပစ္စည်းဥစ္စာယူ အဲ့လိုတွေချည်းပဲ။ မနေ့ညက တိုက်ပွဲ မဖြစ်ခင်မှာ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်”

လို့ ဒေသခံတစ်ဦးက ဆက်လက်ပြောကြားပါတယ်။ စစ်ကောင်စီဟာ အရင်ကလည်း အဆိုပါကျေးရွာတွေကို စစ်ကြောင်းထိုတာမျိုးရှိပေမဲ့ အခုတစ်ခါကတော့ ပိုဆိုးတယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်၇ တပ်ရင်း၊ အမှတ်၄တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပွင့်ဖြူနဲ့ ‌ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post