အနည်းဆုံး၁၀ဦးသေဆုံးပြီး လူလတ်ပိုင်းအရွယ် ပြည်သူတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ နားထင်ကို ပစ်သတ်သွား
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာတွေမှ အသက်၆၀ကျော် ၇၀အရွယ် ပြည်သူတွေကိုသာမက ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေကိုပါ မျက်လုံးကို အ၀တ်စည်းပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး အသက်၃၀အရွယ် ပြည်သူ၁ဦးကို လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ နားထင်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။
စက်တင်ဘာလ ၄ရက်နေ့ကနေ ၆ရက်နေ့အထိ ၃ရက်တာအတွင်း ပွင့်ဖြူမြို့နယ် ကနီ၊မဒဲ၊ ညောင်ပင်ဝိုင်း၊ အင်းကုန်း၊ မဒဲကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ဘေးမရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေပါမချန် အယောက် ၂၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူတစ်ယောက်ကိုလည်း လက်ပြန်ကြိုးတုပ်ကာ နားထင်ကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။
“အသက် ၆၀ကျော် ၇၀ကျော်လူကြီးတွေကို မျက်လုံးအ၀တ်စည်းပြီးခေါ်သွားတာ။ ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေလည်းပါတယ်။ အယောက်၂၀ကျော်လောက်ရှိတယ်။ PDFတွေက တစ်ရွာလုံးရှောင်ခိုင်းတာ ၃ရက်လောက်ရှိပြီ။ အသက်ကြီးတဲ့သူတွေကျ ပေါ်တာမဆွဲလောက်ပါဘူးဆိုပြီးနေခဲ့ကြတာ”လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
ကနီရွာမှာတော့ ပြည်သူ အနည်းဆုံး ၅ဦးသေဆုံးပြီး ပြင်းထန် ဒဏ်ရာရရှိသူများတယ်လို့ ဆက်လက်ပြောကြားပါတယ်။
“ရွာက လောလောဆယ် ၅ယောက်သေတယ်။ ပြင်းထန် ဒဏ်ရာရသူများတယ်။ ပြေးနိုင်တဲ့လူငယ်တွေကတော့ လွတ်လာတယ်။ လူကြီးတွေကျဒဏ်ရာ ပြင်းထန်တယ်။ တချို့ကျ ပေါင်ထိပြီး သွေးထွက်လွန်ပြီး သေတာ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းမထိုးတော့တာကြာပြီ။ ထိုးလာတိုင်းလည်း ဒီကောင်တွေသေတာပဲ။ ရွာတော့နာတာပေါ့”လို့ အဆိုပါ ဒေသခံက ဆက်လက်ဖြေကြားပါတယ်။
စက်တင်ဘာ ၄ရက်မှ ၆ရက်နေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅၀နဲ့အထက် သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်ပြေးသွားပြီး တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိဘူးလို့ BBMက စုံစမ်းသိရှိရပါတယ်။
ပုံ-စစ်ကောင်စီတပ်ဖွဲ့၀င်များ(ပုံဟောင်း)
ပြည်သူတွေ သတ်ဖြတ်ခံထားရတဲ့ ပုံတွေကို Telegram linkတွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်-
#BBM#News#UpdateNews#Junta#Localresident#PwintPhyu#JuntaColumn