Sunday, December 21, 2025
Home » ချောင်းမတိုက်ပွဲအတွင်း ခမရ(၁၆)မှ တပ်ကြပ် နှစ်ယောက်အပါ သုံ့ပန်း(၄)ဦးနဲ့ ရုပ်အလောင်း (၇)လောင်းကို သိမ်းဆည်ရရှိ

ချောင်းမတိုက်ပွဲအတွင်း ခမရ(၁၆)မှ တပ်ကြပ် နှစ်ယောက်အပါ သုံ့ပန်း(၄)ဦးနဲ့ ရုပ်အလောင်း (၇)လောင်းကို သိမ်းဆည်ရရှိ

0 18
18

🟥တိုက်ပွဲပြင်းထန်ပြီးနောက် စကစ ဘက်မှ Y-12ပစ်ကူခေါ်ကာ စစ်ကြောင်းပျက်ပြီးထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ(၁၆)မှ တပ်ကြပ်နှစ်ဦးအပါအဝင် သုံ့ပန်း(၄)ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီရုပ်အလောင်း (၇)လောင်းကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၆)မှ ဗိုလ်မှူးသူရိန်ဦးဆောင်ပြီး အင်အားတစ်ရာကျော်နဲ့တပ်စွဲထားတဲ့ ချောင်းမကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အင်အားအလုံးအရင်းဖြင့် စကစ တပ်စွဲရာ ချောင်းမကျေးရွာထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၃နာရီနီးပါးခန့် ကြာအောင် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းပျက်ကာ ထွက်ပြေးခဲ့ကြသလို တချို့စစ်သည်တွေလည်း ကျေးရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ကမ်းလှမ်းမှုအချို့ပြုလုပ်ခဲ့ပေမဲ့လည်း လက်မခံခဲ့တာကြောင့် အဆိုပါပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

“စက်တင်ဘာလ၁၁ရက်နေ့မှာ စတင်ကပ်တယ်ပေါ့နော် ရွာစပ်နားရောက်တဲ့အချိန် ထိတွေ့မှုဖြစ်ခဲ့တယ်ဗျ၊ ထိတွေ့မှုကကျွန်တော်တို့အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖိသိပ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ထိတွေ့မှု၂နာရီ၃နာရီလောက်ဖြစ်ခဲ့တယ်ဗျ၊ အဲ့မှာ ထွက်ပြေးတဲ့ခွေး(စစ်သား)တွေလည်းပြေးကြတယ်၊ ကျန်တဲ့ခွေးတွေ(စစ်သား)တွေကတော့ ထွက်မပြေးဘူး လက်နက်ချခိုင်းတာ (တချို့က)လက်နက်လဲ မချတဲ့အတွက် ကျွန်တော်တို့ပစ်ခတ်ရှင်းလင်းခဲ့တယ်”

ဟု ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုခေါင်းဆောင် ကိုအံကြီးမှ BBM ကိုပြောပါတယ် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း လေကြောင်းမှ Y-12ပစ်ကူ ခေါ်ကာ လေယာဥ်ဖြင့်ဗုံးကြဲစေပြီးနောက် ဆုတ်ခွါထွက်ပြေးသွားတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

” တိုက်ပွဲဖြစ်နေတုန်း သူတို့ Y-12ပစ်ကူခေါ်တယ် Y-12ကနေ ချောင်းမရွာကို ပတ်ပြီးကြဲနေတဲ့အချိန်မှာ သူတို့တွေက(ကျန်နေတဲ့စစ်သားတွေ)အကုန်ထွက်သွားတယ်ပေါ့ ၊ Y-12ကိုရွာထဲကို ပတ်ကြဲခိုင်းထားပြီးတော့ ရွာပြင်ရောက်နေတဲ့ ခွေးတွေ(စစ်သားတွေ)က ထွက်ပြေးကြတယ်ပေါ့ဗျာ တကွဲတပြားစီပြေးကြတာပေါ့ သူတို့ တပ်ပျက်ပြီးတော့”

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပစ်ခတ်မှုတွေအပြီး တိုက်ပွဲဖြစ်ပွါးရာကျေးရွာတစ်ဝိုက်ကို ရှင်းလင်းမှုတွေလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ရုပ်အလောင်းတွေအပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းပိတ်မိကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သား(၃)ဦးနဲ့ ချောင်းမရွာအပြင်မှာ ပုန်းအောင်နေတဲ့ တပ်ကြပ်အဆင့် စစ်ကောင်စီတပ်သား(၁)ဦး စုစုပေါင်း(၄)ဦးတို့ကိုလည်း သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

“ရွာထဲက ကျန်ခဲ့တဲ့၊ မပြေးနိုင်တဲ့ စစ်သုံ့ပန်းတွေရတယ်၊ တပ်ကြပ်တစ်ယောက်ကတော့ လိုက်လံရှင်းလင်းတဲ့အခါမှာ ရွာ့ပြင်ကခြုံတစ်ခြုံထဲမှာတွေ့တယ်ဗျ”

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလပထမအပတ်ကတည်းက မုံရွာအခြေစိုက် (နမခ)တိုင်းစစ်ဌာနချုပ်မှတဆင့် ချောင်းမကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲလာခဲ့တာဖြစ်ပြီး စစ်ကြောင်းရောက်ရှိပြီးတဲ့နောက် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးတာတွေ၊ အနီးအနားဒေသတွေကို စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Video-ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု

Leave a Comment

Latest Post

Latest Post