Sunday, December 21, 2025
Home » နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီမှတဆင့် စစ်ကောင်စီစစ် ကြောင်းအချို့ မိုးကုတ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေ

နောင်ချိုမြို့နယ်၊ ရတနာသိင်္ဂီမှတဆင့် စစ်ကောင်စီစစ် ကြောင်းအချို့ မိုးကုတ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေ

0 15
15

စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ရတနာသိင်္ဂီမှတဆင့် မိုးကုတ်မြို့ကို စစ်ကြောင်းထိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် နောင်ချိုမြို့နယ်အတွင်းရှိ ရတနာသိင်္ဂီ၊ ကျောက်မဲမြို့နယ်အတွင်းကနောင်ပိန်ကျေးရွာတို့နဲ့ ဂုတ်ထိပ်တံတားဘက်တွေကို စစ်ကြောင်းအသီးသီးဖြန့်ခွဲတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရတနာသိင်္ဂီကိုခွဲထွက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ယခုအခါမှာတော့ ရတနာသိင်္ဂီမှတဆင့် မိုးကုတ်မြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး အင်အားရာဂဏာန်းထိရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါရတနာသိင်္ဂီဟာ မိုးကုတ်မြို့တို့နဲ့သာမက သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာတို့နဲ့ပါထိစပ်နေပြီး ဗျူဟာအရ အရေးပါလှတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“ရတနာသိင်္ဂီကိုဦးတည်တဲ့ စကစ ကမိုးကုတ် မိုင်းလုံဘက်ကိုရည်ရွယ်လောက်တယ်ဗျ၊ပြီးတော့ ရတနာသိင်္ဂီက နောင်ချို နယ်ထဲကဖြစ်ပြီး မတ္တရာ စဥ့်ကူး သပိတ်ကျင်း မိုးကုတ်နယ်တွေနဲ့ထိစပ်နေတဲ့နေရာပါ ၊အရေးကြီးပါတယ်”

ဒါ့အပြင်ခွဲထွက်သွားတဲ့ စစ်ကြောင်းတွေထဲမှ နောင်ပိန်ကိုဦးတည်တဲ့ စစ်ကြောင်းတွေဟာ နောင်ပိန်ရွာမှတဆင့် ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးအတိုင် ဆက်လက်

ထိုးစစ်ဆင်နေပြီး ဂုတ်ထိပ်တံတားကို ဦးတည်ခဲ့တဲ့ စစ်ကြောင်းတွေဟာလည်း ထိုမှတဆင့် မိုင်းတင်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ မကြာသေးမှီက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်စာရင်းထဲ TNLAသိမ်းထားတဲ့ မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့(၂)မြို့တို့ပါဝင်နေပြီးမြေပြင်မှာလည်း စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာကြောင့် ရွေးကောက်ပွဲမတိုင်မှီအဆိုပါမြို့တွေကို အပြီးသိမ်းနိုင်ဖို့ ရည်ရွယ်ထားဟန်တူတယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post