Sunday, December 21, 2025
Home » ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်

ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်

0 17
17

🟥စစ်ကောင်စီတပ်ဖွဲ့၀င် ဗိုလ်လေး အပါအ၀င် ၆ယောက်သေဆုံးပြီး ၁၁ယောက်ဖမ်းဆီးရမိကာ လက်နက်တွေလည်း သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးနဲ့ ရဲတပ်သားအပါအ၀င် ၆ယောက်သေဆုံးပြီး ၁၁ယောက်ဖမ်းဆီးရမိကာ G3 ၉လက်၊ G4 ၁လက်၊ MA15 ၁လက်၊ ပစ်စတို ၁လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦး တာ၀န်ရှိသူက BBMကိုပြောပါတယ်။

စက်တင်ဘာလ ၁၇ရက်၊ နေ့ ညနေ၃နာရီခန့်က ဇီးကုန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးနဲ့ ရဲတပ်သား၆ယောက်သေဆုံးပြီး ဗိုလ်လေး၂ယောက်၊ရဲတပ်သား၂ယောက်၊ တပ်သားတွေရဲ့ မိန်းမ၂ယောက်၊ ကလေး၂ယောက်နဲ့ အကျဉ်းသား ၃ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် G3 ၉လက်၊ G4 ၁လက်၊ MA15 ၁လက်၊ ပစ်စတို ၁လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“၁၇ရက်နေ့ ညနေ ၃နာရီ‌လောက်မှာ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ၀င်စီးတာ။ စကစ လက်အာက်ခံ ရဲနဲ့ ဗိုလ်လေးအဆင့်ရှိသူ ၆ယောက်သေတယ်။ သူတို့ရဲ့ မိန်းမတွေ ခလေးတွေ စခန်းထဲက အကျဉ်းသားတွေ အားလုံး ၁၁ယောက်ဖမ်းမိတယ်။ လက်နက်က ၁၃လက်လောက်သိမ်းမိတယ်”လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦး တာ၀န်ခံက BBM ကိုဖြေကြားထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ မိနစ်ပိုင်းသာ ကြာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းမှ ဦးဆောင်ပြီးတော့ ရေဦး ဒူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦး

#BBM#News#UpdateNews#ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦး#PeopleDefenseForce

Leave a Comment

Latest Post

Latest Post