Sunday, December 21, 2025
Home » ဘားအံမြို့တွင် Billboard ပေါ်တက်ပြီး ခုန်ချဖို့ကြိုးစားနေသော လူငယ်ကို ကယ်ဆယ်ရရှိ

ဘားအံမြို့တွင် Billboard ပေါ်တက်ပြီး ခုန်ချဖို့ကြိုးစားနေသော လူငယ်ကို ကယ်ဆယ်ရရှိ

0 20
20

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ Billboard ကြော်ငြာဆိုင်းဘုတ်ပေါ်တက်ပြီး ခုန်ချခဲ့တဲ့ လူငယ်တစ်ဦးကို ကယ်တယ်နိုင်ခဲ့တယ်လို့ ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ခုနှစ် စက်တက်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားနားက ဆိုင်းဘုတ်ပေါ်ကို လူ ၁ ယောက်တက်နေတယ်လို့ သတင်းရတာကြောင့် ဘားအံခရိုင်မီးသတ်စခန်းက လှေကားတင်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသွားလုပ်ခဲ့တယ်လို့သိရပါတယ်။

“ညနေ ၆ နာရီလောက်မှာ လှေကားတင်ယာဉ်နဲ့ ကယ်ဖို့လုပ်နေတုန်း ဆိုင်းဘုတ်နားကို လှေကားရောက်တဲ့အချိန် လူငယ်က ခုန်ချခဲ့ပေမဲ့ အောက်မှာ ကြိုတင်ပြင်ဆင်ထားတဲ့ လေမွေ့ရာပေါ်ကို ခုန်ချမိတာကြောင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်”

လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

အဲဒီလူငယ်ကို ကယ်ဆယ်ရေးအဖွဲ့များက အကြိမ်ကြိမ် အားပေး​ပြောဆိုခဲ့ရပြီး နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးလေအိတ်ပေါ်သို့ ခုန်ဆင်းနိုင်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ ​ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။။

အဆိုပါ လူငယ်ကို အရေးပေါ် ဆေးရုံသို့ ပို့ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပြီး အဲဒီခုန်ချဖို့ကြံစည်ခဲ့တဲ့ လူငယ်ဟာ တက္ကသိုလ်တွင် မြန်မာစာမေဂျာ လေ့လာနေတဲ့ ကျောင်းသားတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ပုံ-ဘားအံ မီးသတ်

#BBM#News#UpdateNews#Suicide#Firestation

Leave a Comment

Latest Post

Latest Post