Sunday, December 21, 2025
Home » လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေ

လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေ

0 12
12

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေ့ကေ့ကော်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျဆုံးများနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ လေးကေ့ကော်မြို့အနီးကို စစ်ကောင်စီတပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီဟာ စက်တင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှု‌ တွေအဆက်မပြတ်လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက် တိုက်ပွဲမိုပိုပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“သေတာမှ ပြောမနေနဲ့ ရမ်းပစ်နေတာ၊ သေတာက စစ်မှုတပ်သားသစ်တွေလေ၊ ဆေးသုံးခိုင်းထားတာနေမယ်၊ ပစ်နေတာလည်း ဝင်နေတာပဲ”

လို့ သူက ပြောပါတယ်။ မြဝတီမြို့တောင်ဘက်တိုက်ပွဲမှာ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းထမ်းသင်တန်းဆင်း တပ်သားသစ်အများ အပြားပို့ဆောင်ထားပြီး တိုက်ပွဲမှာ စစ်မှုထမ်းတပ်သားသစ်တွေက အကျအဆုံးများတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးနေပေမယ့် အသေးစိတ်ကို စုံးစမ်းနေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

“မရ၊ ရအောင် ဝင်နေတဲ့သဘောပဲ၊ သူတို့လူအင်အားကလည်း များတယ်၊ မြေပြင် စစ်ကြောင်းကလေ ထီးမယ်ဝါခိနဲ့ ပဟိကလောနားမှာလည်း ဖြစ်တယ်”

လို့ အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် မြဝတီမြို့ပြင်အခြေစိုက်တပ်ရင်းတွေကနေလည်း လက်နက်ကြီးပစ်ကူတွေ အဆက်မပြတ်ပစ်ခတ်ပေး နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှု ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဃန်းညီနောင်အပါအဝင် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းထိန်းချုပ်ပြီးနောက် စစ်အုပ်စုဟာ မြဝတီမြို့ တောင်ပိုင်းကို ကရင်နယ်ခြားစောင့်တပ် BGF အကူအညီနဲ့ စစ်ကြောင်းထိုးနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ခတ်တောင်အပါအဝင် စစ်ရေးအရ အရေးပါတဲ့ နေရာတချို့ကို စစ်အုပ်စုက ပြန်လည်သိမ်းယူထားပြီ အဲဒီနေရာတွေမှာ တပ်စွဲထားတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေထံကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေကြားပေး ခြင်း မရှိသေးပါဘူး။

ဒီလိုစစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက ယခုလ အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Social Media

#BBM#News#UpdateNews#junta#Karen#PeopleDefenseForce

Leave a Comment

Latest Post

Latest Post