Sunday, December 21, 2025
Home » ကချင်ပြည်နယ်၊ လန်ဆယ်ဒေသကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်းမှ တပ်သားအချို့ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ လန်ဆယ်ဒေသကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်းမှ တပ်သားအချို့ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရ

0 10
10

🟥စကစ တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရသလို အတူပါလာတဲ့ ပြည်သူ့စစ်တွေလည်း မူးယစ်ဆေးသုံးစွဲလို့ဝန်ခံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းရှိ လန်ဆယ်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်းစစ်ကြောင်းမှ တပ်သားအချို့ သုံ့ပန်းအဖြစ်ဖမ်းဆီခံရတာတွေရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ KIAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဆော့လော်မြို့နယ်အတွင်းရှိ ၊ လန်ဆယ်ဒေသကို ပြီးခဲ့တဲ့ စက်တင်ဘာလ၁၉ရက်နေ့မှ စတင်ကာ အင်အား၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ဖြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းအတွင်း စစ်ကောင်စီတပ်သားတွေအပြင် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ဒေသခံရဝမ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပြီး အစောပိုင်းထိုးစစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်စခန်းအချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဆက်လက်စစ်ကြောင်းထိုးရာမှာတော့ အထိနာခဲ့ပြီး သိမ်းပိုက်ထားတဲ့ စခန်းတွေကိုပြန်လည် လက်လွှတ်ခဲ့ရတယ််လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ်ဖမ်းဆီမိတာတွေရှိတယ်လို့ လည်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ ပြောပါတယ်။

” လန်ဆယ်ကိုလာတဲ့အထဲ သုံ့ပန်းတွေမိတာရှိတယ်၊ သေတာတွေလည်းများတယ်၊ မြေပြင်မှာတောင် ၊၅လောင်းတွေ့ထားတယ်”

ဒါ့တင်မက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုစစ်မေးရာမှာ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်းနဲ့ အတူပါလာတဲ့ ပြည်သူ့စစ်တွေဟာလည်း မူးယစ်ဆေးသုံးစွဲပြီး စစ်ကြောင်းထိုးနေကြောင်းဝန်ခံထွက်ဆိုထားတယ်လို့ အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

“မိတဲ့သူတွေကို မေးတော့ ထမင်းမစားရသေးတာတွေ၊ ပြည်သူ့စစ်တွေဆေးသုံးတာတွေပြန်သိရတယ်၊ ဒီအထူးဒေသက ပြည်သူ့စစ်တွေက ဆေးသမားများတယ်၊ဟိုးအရင်ကတည်းက”

စစ်ကောင်စီအနေနဲ့ အဆိုပါ လန်ဆယ်ဒေသတိုက်ပွဲအတွင်း လေကြောင်းမှ ရမ်းသမ်းဗုံးကြဲမှုကြောင့် ကလေးငယ်တွေနဲ့ ပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

Video-စစ်ရေးသတင်းရင်းမြစ်

Leave a Comment

Latest Post

Latest Post