ပြည်သူ၂ယောက် ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျပ်ပြင်ရပ် ဒေါ်နန်းကြည်တောင် အနောက်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၂ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။
အောက်တိုဘာလ ၁ရက်နေ့ မနက် ၁၀နာရီ ၅၆မိနစ်၀န်းကျင်က ကျပ်ပြင်ရပ် ဒေါ်နန်းကြည်တောင် အနောက်ဘက် ရေထွက်ကြီးရွာ လက်ဖက်ခြံထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ထဲ့တာကြောင့် ပြည်သူ၂ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“တစ်ပြိုင်ထဲနှစ်လုံးချသွားတယ်လို့ သိရတယ်ဗျ။ ခြံထဲတွေပဲကျသွားတယ်ဗျ။ အဲ့ဒါကြောင့် အထိခိုက်နည်းရတာဗျ”
လို့ အဆိုပါ ဒေသခံကပြောပါတယ်။ စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက် လုပ်ဆောင်လာနေတာဖြစ်ပြီးတော့ ဒီနေ့ အောက်တိုဘာလ ၁ရက်နေ့မှာ ကျောက်မဲကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အဖွဲ့တွေပျောက်ကြားစစ်ကနေစခဲ့ကြရတာဆိုတော့ အခုခြေနေအရဆိုအများကြီး ရင့်ကျက်ကြပါပြီဗျ။ အခုခဏတာရန်သူရဲ့သာလွန်အင်အားကြောင့်ဗျူဟာအရ အသက်သေဆုံးတာအနည်းဆုံးနည်းနဲ့ ခွာစစ်ဆင်နွဲပေးနေတာနေမယ်ဗျ။
သိတဲ့အတိုင်းပဲဗျ။စစ်တပ်က စစ်ကြောင်းထိုးရင်ပစ်မှတ်ဟုတ်မဟုတ်နားမလည်ဘူး။ အကုန်ပစ်ချင်ရာပစ်မြေကျန်ရင်ရပြီပုံစံအချိုးချိုးတော့အဖွဲ့တွေလဲလုပ်ရခက်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အခုလို ထိန်းချုပ်နိုင်တဲ့အပေါ် ဝါဒဖြန့်မှုတွေ ပိုမို လုပ်ဆောင်လာမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ပုံ-Local Resident