Sunday, December 21, 2025
Home » လေးကေ့ကော် ရေကန်ကုန်း စခန်းကို စကစ လက်နက်ကြီးကြောင့် တော်လှန်ရေးအင်အားစုတွေ ခွါစစ်ဆင်

လေးကေ့ကော် ရေကန်ကုန်း စခန်းကို စကစ လက်နက်ကြီးကြောင့် တော်လှန်ရေးအင်အားစုတွေ ခွါစစ်ဆင်

0 9
9

🟥လေးကေ့ကော်ရှိ ရှေ့တန်းပွိုင့်တွေကို စကစ မှနေ့စဥ်အတင်းတိုးတာတွေပြုလုပ်နေပေမဲ့ အောင်မြင်မှုမရသေး

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးရှိ ရေကန်ကုန်းကို ရရှိဖို့ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊လေယာဥ်၊ ဒရုန်းအမြောက်အများအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေက ရေကန်ကုန်းစခန်းမှ ဆုတ်ခွါခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း လေးကေကော်မြို့သစ်ကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီစစ်ကြောင်းမှ တော်လှန်ရေးအဖွဲ့တွေအခြေပြုထားရာ ရေကန်ကုန်းကို လက်နက်ကြီး၊ဒရုန်းအမြောက်အများအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေဖြင့် အဆိုပါစခန်းကိုရရှိဖို့အတွက် နေ့စဥ် လက်နက်ကြီးအလုံးရေ(၁၀၀)ကျော် အသုံးပြုတိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်းဗုံးကြဲမှုတွေအပြင်းအထန်ပြုလုပ်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက အဆိုပါစခန်းမှ စွန့်ခွါခဲ့တယ်လို့ မြေပြင်ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

“ကုန်းလေးက သေးသေးလေး၊ အဲ့ကုန်းကိုရဖို့ အသည်းအသန်ကို လက်နက်ကြီး၊လေကြောင်းသုံးတာ၊ လက်နက်ကြီးဆိုရင်လည်း အနည်းဆုံး တစ်နေ့ကို အလုံး(၁၀၀)ကျော်တယ် သုံးတာက၊ ဒါကြောင့် အထိခိုက်မရှိအောင် နောက်ဆုတ်ပေးထားလိုက်တာပါ”

ဒါ့အပြင် မြေပြင်စစ်ကြောင်းတွေကနေလည်း တော်လှန်ရေးအင်အားစုတွေရှိရာ ပွိုင့်နေရာတွေကို အတင်းတိုးဝင်မှုတွေပြုလုပ်နေပေမဲ့ စကစဘက်မှ ထိခိုက်သေဆုံးမှုများနေတယ်လို့လည်း သိရပါတယ်။

အဆိုပါမြေပြင်စစ်ကြောင်းတွေ ရှေ့တိုးနိုင်ဖို့အတွက်လည်း စစ်ကောင်စီအနေဖြင့် မြဝတီမြို့ပေါ်မှ၂၇၅တပ်ရင်းနဲ့ မြို့တွင်းနေရာတွေကသာမက လက်ခတ်တောင် ကပါ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပစ်ပေးနေတယ်လို့လည်း အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။

“လက်နက်ကြီးပစ်တာက လက်ခတ်တောင်ကော၊ မြဝတီမြို့ထဲကကော ပစ်ကူပေးနေတယ်၊ လက်နက်ကြီးသာမပစ်ပေးရင် မြေပြင်စစ်ကြောင်းတွေက တိုးလို့ ဘယ်လိုမှမရနေဘူး”

ပြီးခဲ့တဲ့ စက်တင်ဘာလ၃၀ရက်နေ့ညပိုင်းမှာလည်း စစ်ကောင်စီအနေဖြင့် မြေပြင်မှ စစ်ကြောင်းတိုးတာတွေပြုလုပ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာကာ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post