Sunday, December 21, 2025
Home » လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်း စကစအရာရှိတွေအပါ အများအပြားသေဆုံး

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်တိုက်ပွဲအတွင်း စကစအရာရှိတွေအပါ အများအပြားသေဆုံး

0 13
13

🟥စစ်ကားတချို့ကိုဖျက်ဆီးနိုင်သလို စကစ (၃)ဦးလက်နက်နဲ့တကွ အလင်းဝင်ရောက်မှုတွေလည်းရှိ

ကရင်နီပြည်နယ်လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့မှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတို့ကြားနေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးပြီး စစ်ယာဥ်တန်းအချို့ကို ဖျက်ဆီးနိုင်သလို စကစ ဘက်ကအလင်းဝင်မှုတွေလည်း ရှိတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သ်ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က လွိုင်ကော်အရှေ့ဘက်ခြမ်းက လွိုင်လင်လေးဒေသမှာရှိတဲ့ လင်ဖုံကြီးကျေးရွာဖက်ကို စကစစစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ၃ ရက်နီးပါး ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့သလို ယနေ့အချိန်ထိလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ၊ ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာတို့မှာလည်း စစ်တပ်ကနေ့စဥ် ဒရုန်း၊လက်နက်ကြီးတွေအသုံးပြုကာ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဒါတင်မက ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတစ်လျှောက်မှာလည်း ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စကစ စစ်ကြောင်းတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသလို စစ်တပ်က အရာရှိလို့ ယူဆရသူ အချို့သေဆုံးကာ စစ်ကား တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖရူဆိုမြို့အခြေစိုက် စစ်တပ်စခန်းတွေအတွင်းမှာလည်း စစ်ယာဉ်တန်းကားတွေ ဖြန့်ခွဲစုဖွဲ့ထားတဲ့အပြင် အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအနီးရှိ ကျေးရွာတွေကနေ ဘောလခဲဘက် ဦးတည်ပြီး စကစစစ်ကြောင်းအချို့ လှုပ်ရှားနေတာ ကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်၊ တောင်စလုံးကျေးရွာဘက်မှာလည်း စစ်ကောင်စီ၊ PNO တို့ပူးပေါင်းတပ်ဖြန့်ကာ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

လွိုင်ကော်အရှေ့ဘက် ၊လွယ်လင်လေးမြို့အခြေစိုက်၊ ခမရ(၅၃၀)တပ်ကလည်း အောက်တိုဘာလ(၃)ရက်နေ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် အနီးရှိကျေးရွာမှ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ပုခုံးထိမှန်သလို အခြားကလေး(၁)ဦးလည်း လက်တစ်ဖက်ပြတ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၂၈)ရက်နေ့ကလည်း လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီမှဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အသက်(၅၀)အရွယ် အရပ်သားအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ပတ်တာအတွင်းစစ်တပ်ဘက်မှ သုံးဦး လကိနက်နဲ့အလင်းဝင်လာတာရှိပြီး ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော်မြို့တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ သတိပြုသွားလာရန်လိုအပ်တယ်လို့ KNDFမှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post