Sunday, December 21, 2025
Home » ညောင်လေးပင် ဥက္ကဌပျူစောထီးကျော်ဝင်းမှ သူ့သားတွေစစ်မှုထမ်းရမှာစိုးရိမ်လို့ ထိုင်းကိုအောက်လမ်းမှစေလွှတ်

ညောင်လေးပင် ဥက္ကဌပျူစောထီးကျော်ဝင်းမှ သူ့သားတွေစစ်မှုထမ်းရမှာစိုးရိမ်လို့ ထိုင်းကိုအောက်လမ်းမှစေလွှတ်

0 14
14

🟥စစ်မှုထမ်းဥပဒေစကတည်းက ပြည်သူတွေကို အတင်းစုဆောင်းခဲ့ပြီး သူ့သားအလှည့်မှ နိုင်ငံ ခြားစေလွှတ်ခြင်းဖြစ်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှ ဥက္ကဌဖြစ်သူ ပျူစောထီးကျော်ဝင်းက ရပ်ကွက်နေ ပြည်သူတွေကို စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်းတာတွေပြုလုပ်ခဲ့ပြီး သူ့သားအလှည့်ရောက်ခါနီးမှ စစ်မှုထမ်းရမှာကို စိုးရိမ်ပြီး ထိုင်းနိုင်ငံကို စေလွှတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ သတင်းပို့ချက်တွေအရ သိရပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့အတွင်း မြို့မ(၁)မှ မြို့မ(၅)အထိ ရပ်ကွက်(၅)ခုရှိပြီး ပျူစောထီးကျော်ဝင်းဟာ မြို့မ(၁)ရပ်ကွက် ဥက္ကဌဖြစ်တယ်လို့ သိရပါတယ်။

ဥက္ကဌကျော်ဝင်းအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းကစကာ ပျူစောထီးအဖြစ် ခံယူခဲ့ပြီး စစ်မှုထမ်းဥပဒေ ပေါ်ပေါက်စဥ်ကလည်း ၎င်းရပ်ကွက်နေပြည်သူများကို အတင်းအဓမ္မလူသစစ်စုဆောင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းအုပ်ချုပ်ရာ မြို့မ(၁)ရပ်ကွက်မှ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းရုံသာမက ရပ်ကွက်အတွင်းလည်းပေါ်တာဆွဲကာ အခြားမြို့မရပ်ကွက်တွေထံ စစ်မှုထမ်းဖို့ပြန်ရောင်းစားပြီး အခကြေးငွေယူဆောင်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ရပ်ကွက် ဥက္ကဌက ကျော်ဝင်းပါ၊ ပျူစောထီးခေါင်းဆောင်ပဲ ၊ ညောင်လေးပင်မြို့က မြို့မ ၅ခု ရှိတယ်၊ အဲ့တာကျော်ဝင်းက စစ်မှုထမ်းအတွက်ဆို သူအုပ်ချုပ်တဲ့ မြို့မ၁ရပ်ကွက်ကပဲပေါ်တာဆွဲတယ်၊ ပြီးတာနဲ့ကျန်တဲ့ရက်ကွက်တွေကိုလည်း ပိုက်ဆံယူပြီး သူစုဆောင်းလို့ရတဲ့သူတွေကိုပြန်ရောင်းတယ်” ဟု ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

ရပ်ကွက်အတွင်း အတင်းအဓမ္မစုဆောင်းမှုတွေပြုလုပ်ခဲ့တာကြောင့် (၂)နှစ်အတွင်း ရပ်ကွက်နေလူငယ်အတော်များများစုဆောင်းခံလိုက်ရတာကြောင့် သူ့သားတွေ စစ်မှုထမ်းပါမှာစိုးရိမ်ပြီး ဥက္ကဌကျော်ဝင်းမှ ထိုင်းကိုအောက်လမ်းမှ စေလွှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဥက္ကဌကျော်ဝင်းမှာ အောင်စိုးမိုး၊ သူရအောင်၊ သန့်ဇင်အောင် ဆိုတဲ့ သား(၃) ယောက်ရှိပြီး အခု ထိုင်းကိုအောက်လမ်းမှစေလွှတ်တဲ့သားဟာ အငယ်ဆုံးဖြစ်ကာ ပြည်သူအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်တာတွေ၊ ပေါ်တာဆွဲ စုဆောင်းတာတွေကို ဦးဆောင်ပြုလုပ်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့တင်မက ကျန်တဲ့ သား(၂)ယောက်မှာလည်း ပျူစောထီးများဖြစ်ကြပြီး ရပ်ကွက်အတွင်းလက်နက်ကိုင်ကာရမ်းကားတာတွေနဲ့ ညောင်

လေးပင်ပတ်ချာလည်မှာဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ပူးပေါင်းပြီး ရှေ့တန်းလိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

” ပျူစောထီး ကျော်ဝင်းက သား(၃)ယောက်ရှိတယ်၊ အောင်စိုးမိုး၊ သူရအောင်၊ သန့်ဇင်အောင် ၊ အကြီး(၂)ယောက်က စစ်သင်တန်းတက်ပြီး မြို့ပတ်ချာလည်ကတိုက်ပွဲတွေမှာ ရှေ့တန်းထိလိုက်တယ်၊ ခုထိုင်းကိုပြေးမဲ့တစ်ယောက်က ပြည်သူကို ကိုယ်ထိလက်ရောက်လုပ် ပါးရိုက် ဆက်ကြေးတွေကောက် ချောဆွဲတဲ့အကောင်ပါ၊ သူ့သားတွေကို စစ်မှုတော့မထမ်းစေချင်ဘူး၊ အနေအစားချောင်တဲ့ ပျူစောထီးလိုပဲလုပ်စေချင်တာ ခုကမရတော့တဲ့အခြေအနေမို့”

ဒါ့အပြင် အဆိုပါ ပျူစောထီးဥက္ကဌမိသားစုဟာ ညောင်လေးပင်အနီးအနားကျေးရွာတွေကို မီးရှို့ဖျတ်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်ရာမှာလည်း စစ်တပ်နဲ့ပူးပေါင်းကာ ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲလူစုဆောင်းပြီးရရှိတဲ့ အခကြေးငွေနဲ့ ရွာတွေကိုစစ်ကြောင်းထိုးကာအတင်းအဓမ္မယူဆောင်ခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းများကို ရောင်းချပြီး ရန်ကုန်မြို့ မှော်ဘီဘက်အခြမ်းမှာ အိမ်နဲ့ခြံ ဝယ်ယူတာတွေပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံပြည်သူတွေရဲ့ သတင်းပို့ချက်အရ သိရပါတယ်။

Photo-ပျူစောထီး ဥက္ကဌသားအငယ်

Leave a Comment

Latest Post

Latest Post