Sunday, December 21, 2025
Home » မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ထပ်မံပြီးဗုံးကြဲတိုက်ခိုက်

မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ထပ်မံပြီးဗုံးကြဲတိုက်ခိုက်

0 14
14

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး၊ (ရော့ကဒ်)လက်နက်ကြီး(၆)လုံးတို့နဲ့ ထပ်မံလာရောက်ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၀ရက် နေ့လယ် (၁း၃၀)နာရီအချိန်ခန့်က မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးကို စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၂)လုံးနှင့် (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စကစကတော့ ဒီ၂လ၃လအတွင်း အသားကုန်ကြဲမှာပဲဗျ။ အဓိကကတော့ တရားမ၀င်ရွေးကောက်ပွဲနီးလာလေလေ ပိုပိုဆိုးလာ‌လေလေပဲရှိမယ် ”

လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။ အောက်တိုဘာလ ၉ရက် နေ့ကလည်း မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၃)လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ပြီး၊ (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထုနေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်‌တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေမှာ လူနဲ့‌ သော်လည်းကောင်း၊ လက်နက်ကြီးနဲ့ ‌ေသာ်လည်းကောင်း၊ ဒရုန်းနဲ့ ‌ေသာ်လည်းကောင်း၊ လေကြောင်းနဲ့သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

Photos-PSLF/TNLA

#BBM#News#UpdateNews#TNLA#Junta

Leave a Comment

Latest Post

Latest Post