Sunday, March 22, 2026
Home » စစ်ကောင်စီက နမ့်ဆန်မြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက နမ့်ဆန်မြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

0 24
24

🟥အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်သေဆုံးပြီး ကလေးငယ် ၃ယောက် အပါအ၀င် ၄ယောက်ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်မြို့နယ်ရှိ ရွာတွေကို စစ်ကောင်စီက ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၆နှစ်အရွယ် မိန်းကလေး ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၁၀လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ယောက်က သူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၄ရက် မနက် ၇း၂၀ မိနစ်အချိန်ခန့်မှာ နမ့်ဆန်မြို့နယ် အုန်းမစွမ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရုတ်တရက် ဂျက်ဖိုက်တာနဲ့ ရော့ကဒ်ဒုံး ၆လုံးလာကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနေအိမ်တွေအပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကာ အသက် ၈ နှစ်၊ ၁၀ နှစ်၊ ၁၄ နှစ် ကလေး (၃)ယောက်နဲ့ ၃၅ နှစ်အရွယ်တစ်ယောက် စုစုပေါင်း ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေလည်းသေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“တက်တာက တံတားဦးလေတပ်စခန်းက တက်တာပါ။မနေ့ကကြဲတာက Yak-130 ဂျက်ဖိုက်တာနဲ့ပါ။ ဒီနေ့ကြဲသွားတာကတော့ အမျိုးအစားအတိအကျမသိရသေးပေမဲ့ ဂျက်ဖိုက်တာ အမျိုးအစားပဲဗျ”

လို့ Nationwide Air Scout Teamရဲ့ တာ၀န်ရှိသူက BBMကိုပြောပါတယ်။ မနေ့ နေ့လည် ၁း၀၀ နာရီအချိန်မှာလား နမ့်ဆန်မြို့၊ ကယားကြီးရွာကို Yak 130နဲ့ ပေါင် ၂၅၀ ဗုံး လေးလုံး လာရောက်ကြဲချတိုက်ခဲ့ပြီး စာသင်ကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ တစ်ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံ-ဒေသခံ

#BBM#News#UpdateNews

Leave a Comment

Latest Post

Latest Post