Sunday, December 21, 2025
Home » ပခုက္ကူလေယာဥ်ကွင်းမှ ရိက္ခာယူပြန်လာတဲ့ အင်အား(၂၀)ပါ စကစ စစ်ကြောင်းတိုက်ခိုက်မှု စကစ(၆)ယောက်သေဆုံး၊သေနတ်(၂)လက်ရရှိ

ပခုက္ကူလေယာဥ်ကွင်းမှ ရိက္ခာယူပြန်လာတဲ့ အင်အား(၂၀)ပါ စကစ စစ်ကြောင်းတိုက်ခိုက်မှု စကစ(၆)ယောက်သေဆုံး၊သေနတ်(၂)လက်ရရှိ

0 10
10

🟥သေဆုံး စကစအလောင်းတွေကို သံပြားကာကား(၂)စီးနဲ့လာရောက်ကောက်ယူပြီးနောက် စစ်အင်အားထပ်မံဖြည့်တင်းထား

မကွေးတိုင်းဒေသရှိ ပခုက္ကူလေယာဥ်ကွင်းမှ ရိက္ခာယူပြီးပြန်လာတဲ့ အင်အား(၂၀)ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာကြောင့် စကစ (၆) ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်(၂)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF မှတာဝန်ရှိသူတစ်ဦးရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ၁၅ရက်နေ့ နေ့လယ်၁နာရီခွဲလောက်မှာ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ စစ်ကောင်စီအထိုင်စခန်းကနေ ပခုက္ကူလေယာဥ်ကွင်းဆီ ရိက္ခာလာယူပြီး ပြန်လာတဲ့ စစ်ကြောင်းကို သတင်းရရချင်း ချက်ချင်းပြင်ဆင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်မှ (၆)ယောက်နေရာမှာတင်သေဆုံးခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပေမဲ့ လေယာဥ်ကွင်းဘက်မှ လက်နက်ကြီး၊လက်နက်ငယ်၊ ပွိုင့်၅ တို့ဖြင့် ပစ်ကူပေးခဲ့တာကြောင့် လက်နက်(၂)လက်ကိုသာ ကောက်ယူနိုင်ခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်မောင်းမှ BBM ကိုပြောပါတယ်။

“မြောက်လူးကန်အထိုင်စခန်းကခွေးတွေပါဗျ၊၊လေယာဉ်ကွင်းက ပခုက္ကူ၊ရေစကြို ဆက်သွယ်ရေးလမ်းမကနေရှိနေတော့ လေယာဉ်ကွင်းကနေတစ်ဆင့် ရိက္ခာသွားယူရပါတယ်ကြိုတင်စောင့်ဆိုင်းပစ်ခတ်တာပါသတင်းရတာနဲ့ မြန်မြန်ဆန်ဆန် လူပ်ရှားနေရာယူရပါတယ်”

တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူလေယာဥ်ကွင်းဆီပြန်လည်ဆုတ်ခွါသွားပြီးနောက် ဖြစ်စဥ်ဖြစ်ပွါးရာဆီကို သံပြားကာ(၂)စီး၊အိမ်စီးကား(၃)စီးတို့ဖြင့်လာရောက်ကာ သေဆုံးသူ စကစ တပ်သားတွေရဲ့အလောင်းကိုလာရောက်ကောက်ယူသွားတယ်လို့သိရပါတယ်။

အဲ့ဒီနောက် နောက်ဆက်တွဲအနေနဲ့ ဒီနေ့နေ့လယ်(၂)နာရီဝန်းကျင်မှာ ပခုက္ကူမြို့တွင်းမှတဆင့် လေယာဥ်ကွင်းနဲ့ မြောက်လူးကန်ရွာ အထိုင်စခန်းကို သံပြားကာကား(၂)စီးဖြင့် အင်အားများထပ်မံဖြည့်တင်းခဲ့တယ်လို့လည်းဗိုလ်တိုက်မောင်းမှ ဆက်ပြောပါတယ်။

“နောက်ဆက်တွဲအခြေအနေကပခုက္ကူမြို့မှ သံပြားကား ၂ စီး၊အိမ်စီးကား ၃ စီးရောက်ရှိလာပြီး၊ရှင်းလင်းရေး အလောင်းလာကောက်သွားပြီးမနေ့ညနေ မှာ ပခုက္ကူသို့ပြန်ထွက်သွားတယ်၊ ဒီနေ့နေ့လယ်၂ နာရီဝန်းကျင်မှာတော့ သံပြားကား ၂စီးရောက်လာပြီး၊ လေယာဉ်ကွင်းနဲ့ မြောက်လူးကန်ရွာ အထိုင်စခန်းများကို အင်အားဖြည့်သွားပါတယ်”

အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုတွေဘက်မှ ရဲဘော်တစ်ဦး လက်ပြင်ကျည်ဖောက်ဝင်တဲ့ဒဏ်ရာရရှိခဲ့ပေမဲ့ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-Southern YSO PDF

Leave a Comment

Latest Post

Latest Post