Friday, March 20, 2026
Home » စစ်ကောင်စီတပ်က ပုလောမြို့နယ် တန်းရှင်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ပြီး ပွိုင့်5နဲ့ပါ ဆွဲသွား

စစ်ကောင်စီတပ်က ပုလောမြို့နယ် တန်းရှင်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ပြီး ပွိုင့်5နဲ့ပါ ဆွဲသွား

0 31
31

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တန်းရှင်းရွာကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားခင်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က BBM ကိုပြာပါတယ်။

အောက်တိုဘာလ ၁၆ရက် နေ့လယ် ၂နာရီ ခွဲ၀န်းကျင်ခန့်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး၂လုံးကြဲချပြီး ပွိင့်5နဲ့ ပါဆွဲသွားရာ ပြည်သူ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

“စခတွေက စစ်ကြောင်းထိုးခါနီးတိုင်း အဲ့လိုလုပ်တာပဲ။ အခုလည်း လေကြောင်းပစ်ပြီး စစ်ကြောင်းထိုးလာတာ။ ပြီးတော့ တိုက်ပွဲ ဖြစ်တာပဲ”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလ ၁၆ရက်နေ့မှာပဲ တန်းရှင်းရွာကို ဗုံးလာမကြဲခင် ပုလောမြို့နယ်အတွင်းရှိ မင်းပြင်ရွာကိုလည်း ၄ကြိမ် မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၉နာရီ ၄၀မိနစ်၀န်းကျင်ခန့် ကလည်း တနင်္သာရီမြို့နယ်ရှိ တကူရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် သွားသေးတယ်လို့ သိရပါတယ်။

Video-Local Resident

#BBM#News#UpdateNews#Palaw#Junta#Airstrike

Leave a Comment

Latest Post

Latest Post