အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးပြီး အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနဲ့ အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၇ရက်နေ့ မနက် (၈း၁၀)နာရီအချိန်က မန်တုံမြို့နယ်၊ ဟိုမိန်းကျေးရွာရှိ ပြည်သူလူထုတွေတည်ရှိရာ နေရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် (၁၅)နှစ်အရွယ် လိုည်းစန္ဒာဝင်း၊ အသက် (၁၅)နှစ်ရွယ် လိုည်းစပယ်ညွန့်နှင့် အသက် (၅၅)နှစ်အရွယ် ဦးကွန်နွယ်တို့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် (၂၀)နှစ်အရွယ်ရှိ လိုည်းနီလာကျော်နှင့် အသက် (၄၀)နှစ်အရွယ် ဒေါ်အေးဆွေတို့ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၅)အိမ်လည်း ထိမှန်ပျက်စီးသွားချဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ စစ်ကောင်စီက နမ္မတူမြို့ကိုလည်း လေကြောင်းကနေပေါင် (၂၅၀) ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် (၂)ဆောင်နဲ့ ပြည်သူနေအိမ်တို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“နန့်ဆန်နဲ့မန်တုံက TNLA ရဲ့မူလနေရာဖြစ်မယ်ဗျ။ ပြီးတော့ အခုလက်ရှိ ကြဲနေတဲ့ အနေအထားကိုကြည့်ရရင် မိုးကုတ်ပတ်ပတ်လည်ကို သူတို့ Target ထားနေတယ်ပေါ့နော်။ မန္တလေးဘက်ကဆိုရင်လည်း ဖော့တောကို သူတို့ အရင်ရက်ပိုင်းကပဲ သိမ်းယူလိုက်တယ်ပေါ့။ အဲ့တော့ ဖြစ်နိုင်ချေက မိုးကုတ်ကို ပတ်ပတ်လည်က တက်လာနိုင်တဲ့သဘောမှာရှိတယ်ဗျ”လို့ မိုးကုတ်ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။
အခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းကနေ မန်တုံမြို့ကို (၁)ကြိမ်၊ ကျောက်မဲမြို့ကို (၃)ကြိမ်၊ သီပေါမြို့ကို (၅)ကြိမ်၊ မိုင်းငေါ့မြို့ကို (၁)ကြိမ်၊ မိုင်းလုံမြို့ကို (၄)ကြိမ်၊ နမ့်ဆန်မြို့ကို (၃)ကြိမ်၊ နမ္မတူမြို့ကို (၄)ကြိမ်၊ မိုးမိတ်မြို့ကို(၃)ကြိမ်နဲ့ မိုးကုတ်မြို့ကို (၁)ကြိမ် စုစုပေါင်း (၂၅)ကြိမ် တိတိ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၄)ဆောင်နဲ့ အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု တွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
Video-ဒေသခံ
#BBM#News#UpdateNews#Mogok#TNLA