Sunday, December 21, 2025
Home » ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လားရှိုးလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်

ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လားရှိုးလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်

0 10
10

TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့တွေဖြစ်တဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြိုတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မန္တလေး-လားရှိုးလမ်းပိုင်းကို ပြန်ဖွင့်လိုက်တယ်လို့‌ နောင်ချိုမြို့က တော်လှန်ရေး ရဲဘော်တစ်ယောက်က BBM ကိုပြောပါတယ်။

အောက်တိုဘာလ ၁၈ရက်နေ့က စစ်ကောင်စီဟာ ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့ ဒီရက်ပိုင်းမှာလည်း မိုးကုတ်မြို့အပါအ၀င် TNLAသိမ်းပိုက်ထားတဲ့ မြို့တွေကို ဗုံးခပ်စိတ်စိတ်ကြဲချလာတယ်လို့ သိရပါတယ်။

“သူ(စကစ)ကတော့ သူလမ်းကြေးရအောင် လုပ်တယ်လို့မြင်မိတယ်ဗျ။ ကုန်စည်စီးဆင်းတာအဲ့ဘက်တွေကများတော့လေ”လို့ သတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်လိုက်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ကုန်စည်တွေမရောက်အောင် ကန့်သတ်ထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီဘက်နယ်ဘက်ကို ကန့်သတ်ထား‌နိုင်လောက်တယ်ဗျ။ သူတို့နယ်ထဲကနေပဲ ဖြတ်သန်းခွင့်ပြုမယ်တို့ ဒီဘက်ထဲဘာမှပေးမသယ်ပေးမဖြတ်တာတို့ လုပ်လောက်မယ်ထင်တယ်ဗျ”လို့ အဆိုပါ သတင်းရင်းမြစ်က BBMကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲမတိုင်ခင် နမ့်ဆန်နဲ့ မန်တုံမြို့တို့က လွဲပြီးတော့ အကုန်ပြန်တောင်းနေတယ်လို့ နောင်ချိုမြို့က တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ယောက်က ပြောပါတယ်။

“ဒီ နမ့်ဆန်နဲ့ မန်တုံကလွဲရင် အကုန်ပြန်တောင်းတာလို့ သိထားရတယ်ဗျ။ သီပေါ ဟိုဘက်ကလည်း MNDAAတွေရှိတယ်။ လားရှိုး၊ သီပေါ ကြားကရွာတွေမှာက ကိုကန့်တပ်တွေပဲရှိတယ်။ ဆိုတော့ ရှမ်းမြောက်ရှုပ်ထွေးအုံးမယ်ထင်တယ်”လို့ သူကကဆက်လက် သုံးသပ်ထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော့တောကို ထိန်းချုပ်လိုက်တာကြောင့် မိုးကုတ်ကို ရှမ်းမြောက်နဲ့ ဖော့တောဘက်ကနေ ညှပ်ပြီး တက်လာမှာကို စိုးရိမ်နေကြပါတယ်။

“မိုးကုတ်အနေနဲ့ပြောရရင်ပြည်သူတွေကစစ်တပ်ဝင်လာမှာကို စိုးရိမ်ကြောက်လန့်နေကြတယ်။ဗုံးဆက်တိုက်ကျဲတာ။ အဖွဲ့တွေအလုပ်ပိုများအောင်နဲ့ပြည်သူတွေအကြောက်တရား ထည့်ပေးချင်တဲ့ သဘောလို့မြင်မိတယ်။ပြည်သူတွေစိတ်ပင်ပန်းပြီး အကြပ်အတည်း ဖြစ်အောင်လုပ်တဲ့သဘော‌ပေါ့။ ဒါပေမယ့် သူတို့မသိတာက သူတို့အခုလိုလုပ်လေလေ ပြည်သူ့အမုန်းက ပိုများလေလေဆိုတာကို နားမလည်ဘူး။ ဒီကောင်တွေကို ‌လူတိုင်းကတော့စစ်တပ်မြို့ကိုပြန်ရမှာကိုမလိုလားကြတာများတယ်။ လွတ်လပ်တဲ့ အနှစ်သာရကို ပြည်သူတွေခံစားဖူးပြီဆိုတော့ လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ ပေါ်တာလည်း မကြောက်ရဘူး။ စစ်တပ်ရောက်လာရင်ဒါတွေလုပ်ဖို့ခက်ခဲမှာ”လို့ မိုးကုတ်မြို့ခံတစ်ယောက်က BBM ကိုပြောပါတယ်။

စစ်ကောင်စီဟာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေကို ဇူလိုင်လကနေ အောက်တိုဘာလ အထိ ၃လအတွင်း လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ပြီးတော့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး သူတို့အတွက် အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။

ပုံ-ပုံဟောင်း

#BBM#News#UpdateNews#KyaukMe#Lashio#HsiPaw

Leave a Comment

Latest Post

Latest Post