Sunday, December 21, 2025
Home » လေးကေ့ကော် တိုက်ပွဲများအတွင်း စကစအများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက်များစွာသိမ်းဆည်းရရှိ

လေးကေ့ကော် တိုက်ပွဲများအတွင်း စကစအများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက်များစွာသိမ်းဆည်းရရှိ

0 11
11

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်‌၊ လေးကေ့ကော် ဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ Black Panther Column က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မြဝတီမြို့နယ် ရ​သေ့ဂူ​ကျေးရွာ၊ မင်းလက်ပံ​ကျေးရွာနဲ့ ဖလူး​ကျေးရွာတွေသို့ စစ်ကောင်စီဟာ သာလွန်လူအင်အား၊ နည်းပညာမြင့် Drone များ၊ လက်နက်ကြီးပစ်ကူများ၊ တာ​ဝေးပစ် ဒုံးကျည်များ (Missiles)၊ ​လေ​ကြောင်းတိုက်ခိုက်မှုအသာစီးယူပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ KNU/KNLA ဦး​ဆောင်​တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်​ကြောင်း၊ ​ကော်ဘရာစစ်​ကြောင်း၊ ဗွီနွန်စစ်​ကြောင်း၊ Justice soldier တပ်ဖွဲ့၊ ပူး​ပေါင်း​တော်လှန်​​ရေးတပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ်ထိ​တွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို ထွက်ပြေးအလင်းဝင်လာသူတွေ၊ သုံ့ပန်းတွေလည်း ရှိခဲ့တဲ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေထံမှ ခဲယမ်းမီး​ကျောက် အ​မြောက်အများကိုလည်း သိမ်း​ပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ယုတ်မာရက်စက်မဲ့ ထွက်​ပေါက်မဟုတ်တဲ့ ရွေး​ကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့​ တော်လှန်​ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်​ ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်​ကြောင်းကိုလည်း အသိပေး ထုတ်ပြန်​ထားပါတယ်။

Photo – Black Panther Column

Leave a Comment

Latest Post

Latest Post