Sunday, December 21, 2025
Home » မန္တလေးမြို့အောင်မြေသာဇံအတွင်း မဲစာရင်းလာစစ်ရန်အကြောင်းပြပြီး စစ်တပ်မှ လူငယ်တစ်ဦးကိုဖမ်းဆီးပေါ်တာဆွဲ

မန္တလေးမြို့အောင်မြေသာဇံအတွင်း မဲစာရင်းလာစစ်ရန်အကြောင်းပြပြီး စစ်တပ်မှ လူငယ်တစ်ဦးကိုဖမ်းဆီးပေါ်တာဆွဲ

0 11
11

🟥ရန်ကုန်မြို့မှာလည်း ရပ်ကွက်အတွင်းဝင်ခိုးတဲ့သူခိုးကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကဖမ်းကာ စစ်တပ်ထံပြန်ရောင်းစား

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်အတွင်း မဲစာရင်းလာစစ်ရန်အကြောင်းပြပြီး စစ်တပ်မှလူငယ်တစ်ဦးကို အတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ပထမအပတ်အတွင်း မန္တလေးမြို့အောင်မြေသာဇံမြို့နယ်အတွင်းရှိ အိမ်ထောင်စုတစ်စုကို အုပ်ချုပ်ရေးမှူးမှတဆင့် မဲစာရင်းလာစစ်ရန်အကြောင်းပြပြီးဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ဆင့်ခေါ်မှုကြောင့် အဆိုပါအိမ်ထောင်ဦးစီးဟာ သန်းခေါင်စာရင်းဖြင့် မဲစာရင်းလာတိုက်စဥ် ၎င်းရဲ့အရွယ်ရောက်ပြီးသား သားဖြစ်သူ နာမည်မှားနေတာမို့ပြင်ဆင်

ရန်အတွက် အဲ့ဒီလူငယ်ကိုပါရပ်ကွက်ရုံးလာရန်ဖုန်းဆက်ခေါ်ခိုင်းခဲ့တယ်လို့သိရပါတယ်။

သူ့ဖခင်ရဲ့ဖုန်းခေါ်မှုကြောင့်ရောက်လာတဲ့ လူငယ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဖမ်းဆီးလိုက်ပြီး စစ်တပ်ကိုဖုန်းဆက်ကာ လူသစ်အဖြစ်စုဆောင်းသွားတယ်လို့ သိရပါတယ်။

” မဲစာရင်းမှားတယ်ဆိုပြီး ပြင်ဖို့အတွက် ရပ်ကွက်ထဲက ကျန်းမာရေးသိပ်မကောင်းတဲ့မိသားစုတစ်စုက အိမ်ထောင်ဦးစီးကိုသူတို့ခေါ််တယ်၊ ပြီးတော့မလိမ့်တပတ်နဲ့သူ့ရဲ့သားကိုပါရပ်ကွက်အုပ်ကြီးက‌ ထပ်ခေါ်ခိုင်လိုက်တယ်၊ ရောက်လာတော့မှ စစ်တပ်ကိုဖုန်းဆက်ပြီး

အာလူးရတယ်ဆိုပြီး သတင်းပေးလိုက်တာ၊ တစ်ခါတည်းပေါ်တာဆွဲသွားရောပဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် အဆိုပါလူငယ်ကို မန္တလေးတောင်ခြေအောက်မှာရှိတဲ့ ဒေသအခေါ်(၉၅)တပ်မှာ ပို့ဆောင်ထားပြီးနောက် အောက်တိုဘာလ ၁၉ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဟိုပုံးစစ်သင်တန်းကျောင်းဆီပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ဒါတင်မက ပြီးခဲ့တဲ့ရက်အတွင်းရန်ကုန်မြို့မင်္ဂလာဒုံမှနေအိမ်တစ်ခုအတွင်းကို ခိုးဖောက်ဝင်တဲ့သူခိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကဖမ်းကာ စစ်တပ်အတွင်းအတင်းထည့်လိုက်တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၀ရက်နေ့က မင်္ဂလာဒုံမြို့နယ်အတွင်း ဖောက်ထွင်းဝင်ရောက်လာတဲ့သူခိုးတစ်ယောက်ကို နေအိမ်ပိုင်ရှင်နဲ့အနီးအနားကပြည်သူတွေက ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးကို ခေါ်ကာရဲလက်အပ်ရန်ပြင်ဆင်နေစဥ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်တပ်ကိုတိုက်ရိုက်ဖုန်းဆက်ကာ အဆိုပါသူခိုးကို တပ်ထံရောင်းစားခဲ့တယ်လို့ ပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

“၂၀ရက်နေ့ကဖြစ်တာ ၊သူခိုးဝင်တာသိတော့ အိမ်ပိုင်ရှင်ကော၊အနီးအနားကသူတွေကောဝိုင်းဖမ်းတော့ မိတယ်၊ အဲ့တာ ရဲလက်အပ်မယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကိုဖုန်းဆက်တော့ ၊ သူတို့က ရဲကိုမအပ်တော့ဘဲ၊ စစ်တပ်ကိုတစ်ခါတည်းဖုန်းဆက်ပြီးရောင်းစားလိုက်တော့တာပဲ”

စစ်ကောင်စီဘက်မှ စစ်မှုထမ်းဥပဒေပြဌာန်းအတည်ပြုပြီးတဲ့နောက် စစ်တပ်စိုးမိုးရာဒေသတွေမှာ ပေါ်တာဆွဲတာတွေနဲ့ လူပျောက်တာတွေမကြာခဏဖြစ်ပေါ်နေတယ်လို့လည်း ပြည်သူတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ အတွင်း စစ်ရှုံးပြီးနောက် စစ်မှုမထမ်းမနေရဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစကာ အသက်သွင်းခဲ့တာဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းမှာ အပတ်စဥ်၁မှ ၁၈အထိရောက်နေပြီလို့ သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post