Sunday, December 21, 2025
Home » ဗန်းမော်မြို့တွင်း တိုက်ပွဲထဲမှ စစ်ကြောင်းပျက် ထွက်ပြေးတဲ့ စကစ(၂)ဦးကို ၎င်းတို့ဖွက်ထားခဲ့တဲ့ လက်နက်(၆)လက်ဖြင့် အရှင်ဖမ်းမိ

ဗန်းမော်မြို့တွင်း တိုက်ပွဲထဲမှ စစ်ကြောင်းပျက် ထွက်ပြေးတဲ့ စကစ(၂)ဦးကို ၎င်းတို့ဖွက်ထားခဲ့တဲ့ လက်နက်(၆)လက်ဖြင့် အရှင်ဖမ်းမိ

0 10
10

🟥စစ်ကောင်စီသုံး ရုရှားထုတ်ဒရုန်းတစ်စီးကိုလည်း ဗန်းမော်မှာ တော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်းမှထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား(၂)ဦးကို ၎င်းတို့ဖွက်ထားခဲ့တဲ့ လက်နက်(၆)လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ရက်(မနေ့)က ဗန်းမော်မြို့ အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်မှအထိနာကာ စစ်ကြောင်းပျက်ပြန်လည်ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ကြောင်းပျက်ပြန်လည်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA နဲ့တော်လှန်ရေးအင်အားစုတွေက နောက်မှလိုက်လံရှင်းလင်းရာ အရပ်သားဟန်ဆောင်ပြီးပုံဖျတ်ထွက်ပြေးဖို့ကြိုးစားနေတဲ့ စကစ တပ်သား(၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်သား(၂)ဦးကိုဖမ်းဆီးနိုင်ပြီးတဲ့နောက် ထပ်မံစစ်ဆေးရာမှာ ၎င်းတို့စစ်ကြောင်းပျက်ဆုတ်ခွါစဥ် ဖွတ်ထားခဲ့တဲ့ လက်နက်(၆)လက်ကိုလည်း ထပ်မံဖော်ထုတ်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဗန်းမော်ကတိုက်ပွဲတွေထဲမှာပဲ မိတာ၊ မိတာကို လက်နက်တွေ့ဖွတ်ထားလို့ မေးတာ မဖြေလို့ ဗျင်းလိုက်တာ သေနတ် ၆လတ်နဲ့ ဆက်စပ်ပစ္စည်းတွေ့ ထွက်လာတာ၊ ပြီးတော့ ဒီနှစ်ကောင်က တိုက်ပွဲဖြစ်တော့ မနိုင်မှန်းသိလို့ ပြေးကြရင်း လက်နက်ဖွတ်ပြီ အရပ်သားပုံစံဖမ်းပြီပြေးကြတာ၊ လူစုကွဲသွားကြတာ၊ လိုက်ဖမ်းတော့ မိတဲကောင်က ဖော်တာပဲ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သား(၂)ဦးကို လက်ရှိအချိန်ထိ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ဆုတ်ခွါသွားတဲ့ ကျန်တဲ့သူတွေနဲ့ ၎င်းတို့လက်နက်ဖွတ်ခဲ့တဲ့အခြားနေရာတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကဗန်းမော်မြို့တွင်းရှိအခြားတိုက်ပွဲတစ်ခုမှာလည်း စစ်ကောင်စီဘက်က ထုတ်သုံးနေတဲ့ ရုရှားနိုင်ငံထုတ် နည်းပညာမြင့်ဒရုန်းတစ်စီးကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့တွင်း KIA တပ်မဟာ(၁၁)တာဝန်ယူထားတဲ့ စစ်မျက်နှာကို စကစဘက်မှ ဒရုန်းသုံးပြီး ကင်းထောက်တိုက်ခိုက်ရန် ပျံသန်းလာစဥ် တပ်မဟာ(၁၁)ဆေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက အဆိုပါဒရုန်းကို ပျက်ကျအောင်ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပျက်ကျလာတဲ့ စစ်ကောင်စီဒရုန်းကိုစစ်ဆေးကြည့်ရာမှာ ရုရှားနိုင်ငံထုတ် နည်းပညာမြင့်ဒရုန်းဖြစ်ပြီး ဗန်းမော်စစ်မျက်နှာအတွင်း ယခုလို နည်းပညာမြင့်ဒရုန်းကို ပစ်ချနိုင်ခဲ့တာဟာ ရှားတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

“ရုရှားဒရုန်းတစ်စီးကိုလည်း မနေ့ကပဲ ပစ်ချနိုင်ထားသေးတယ်၊ ဗန်းမော်စစ်မျက်နှာဘက်က တပ်မဟာ ၁၁ က ဆေးတပ်သားလို့ပဲ သိရတယ်၊ အကြမ်းဖျင်း၊ သေချာတော့ မသိသေးဘူး၊ ဒါမဲ့ ဒီလိုနည်းပညာမြင့်ဒရုန်းကို ရတာ ရှားတယ်”

စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြားနေ့စဥ်ဗန်းမော်မြို့အတွင်း တိုက်ပွဲဖြစ်ပွါးမှုတွေပြင်းထန်ခဲ့ပြီး လက်လွှတ်ထားရတဲ့ စခန်းနေရာအချို့ကို ယခုရက်ပိုင်း တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KIAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဗန်းမော်မြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ တစ်နှစ်နီးပါးထိကြာမြင့်လာနေပြီး မြို့ပေါ်နေရာအများစုကို တော်လှန်ရေးဘက်မှ ဆက်လက်စိုးမိုးထားနိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post