စစ်ကောင်စီတပ်ဖွဲ့၀င် ၅ယောက်ထက်မနည်း သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး၊ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ယောက်ထက်မနည်းသေပြီး ၁၀ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူက BBMကိုပြောပါတယ်။
အောက်တိုဘာလ ၃၁ရက်နေ့၊ နေ့လယ် ၂နာရီခန့်က ဆားတောင်မြို့၊ ခွေးခြံရှိ အင်အား၆၀ခန့်ပါ စစ်ကြောင်းဟာ ဆားတောင်မြို့အနောက်ဖက်ရှိပြည်သူတွေကို လိုက်လံ ပစ်ခတ်ပြီး ဆားတောင်မြို့အနောက်ဖက်ကို စစ်ကြောင်းထိုးလာခဲ့ရာ စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၂နာရီကြာခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ဦးဒဏ်ရာရရှိခဲ့တယ်လို့တပ်တွင်းရင်းမြစ်က ပြောတယ်လို့ ဆိုပါတယ်။
“သာလွန် အင်အားကို ကိုယ့်ဘက်က ရဲဘော်အနည်းငယ်နဲ့ ထိထိရောက်ရောက် တိုက်ထုတ်နိုင်တာကို အားရတယ်ဗျ”လို့ အဆိုပါ တာ၀န်ခံက BBMကိုပြောပါတယ်။
ဒါ့အပြင် MA-1 ၁လက်၊ ၆၀မမ ၂လုံး၊ကျည်အိမ် ၃ခု နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Video-ဆားတောင်မိုးကြိုးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့