Sunday, December 21, 2025
Home » မင်းဘူးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား ၄ ဦးသေဆုံး

မင်းဘူးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား ၄ ဦးသေဆုံး

0 6
6

🟥စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ပြီး ၃ ဦးကို ဖမ်းဆီးသွားဟုဆို

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ အင်အား ၁၂၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ယမန်နေ့၊ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကုတင်ကုန်းရွာအနီးမှာ မင်းဘူးခရိုင် တပ်ရင်း ၆ မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦးအပါအဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက်မှာ ကုတင်ကုန်းရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့နေအိမ်အချို့ ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဒီဇင်ဘာလ ၃ ရက်မှစပြီး မန်းချောင်းအနောက်ဘက်ရှိ စကုမြို့အနောက်ပိုင်း၊ ခံကုန်းရွာမှ ရွှေစက်တော်ဘုရားသို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်မှာ ရွှေကြောင်းရွာမှ အသက် ၄၀ ‌ကျော် အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အပြင် လူငယ် ၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၅ ရက်မှာ ကူရွာမှ အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးကိုလည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းက ပစ်သတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၆ ရက်မှာ လက်ပတောရွာရဲစခန်းသို့ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မင်းဘူးခရိုင် တပ်ရင်း ၄၊ ၆၊ မဟာမိတ်တွေနဲ့ မင်းဘူးမြို့နယ် ပကဖ တို့က ဒရုန်းဗုံးသီး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ စစ်သား၊ ရဲ ၊ ပျူစောထီးတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ကိုလည်း မင်းဘူးခရိုင် တပ်ရင်း ၆ က တိုက်တွန်းထားပါတယ်။

Photo – မင်းဘူးခရိုင်တပ်ရင်း ၆

Leave a Comment

Latest Post

Latest Post