Saturday, December 20, 2025
Home » ရေဖြူမြို့ပေါ် စစ်ကောင်စီတပ်စခန်း၊ ဌာနဆိုင်ရာရုံးတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှု မှတ်တမ်း TPLF ထုတ်ပြန်

ရေဖြူမြို့ပေါ် စစ်ကောင်စီတပ်စခန်း၊ ဌာနဆိုင်ရာရုံးတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှု မှတ်တမ်း TPLF ထုတ်ပြန်

0 5
5

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတွေ၊ ဂိတ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဝင်ရောက်စီးတိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Tavoy People Liberation Force – TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ရေဖြူမြို့ရှိ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့မရဲစခန်းကို စတင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ စစ်ကောင်စီရဲ့ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄)၊ ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ ရပ်တော်မူဘုရားအတွင်းမှ စစ်ကောင်စီ ယာယီစခန်းတို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တော်လှန်ရေးပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေတွေကို အတိအကျမသိရသေးဘူးလို့ ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြည်သူလူထုရှိရာ နေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရေဖြူမြို့ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းရှိ နေရာတချို့ကို မီးရှို့ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း တော်လှ‌န်‌ရေး ပူးပေါင်းတပ်တွေဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်နောင်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်ကောင်စီကို စဉ်ဆက်မပြတ် တွန်းလှန်တိုက်ခိုက်သွားမှာ ဖြစ်သလို အသိအမြင်မှန်ရပြီး အလင်းဝင်ရောက်လာမဲ့ စစ်ကောက်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ကြိုဆိုလက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူ ပကဖ၊ Ba Htoo Army ၊ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ – DGF၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ DEFPDF ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF ၊ A ဒင်မှူး၊ DNU ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့က ပါ၀င်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်

Leave a Comment

Latest Post

Latest Post