Saturday, December 20, 2025
Home » ဆားလင်းကြီးမှာ လူထုခေါင်းဆောင်များနဲ့ နိုင်ကျဥ်းများ အမြန်ဆုံးလွှတ်ပေးရေးတောင်းဆိုပွဲပြုလုပ်

ဆားလင်းကြီးမှာ လူထုခေါင်းဆောင်များနဲ့ နိုင်ကျဥ်းများ အမြန်ဆုံးလွှတ်ပေးရေးတောင်းဆိုပွဲပြုလုပ်

0 14
14

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုတွေ၊ ပအဖ အဖွဲ့ဝင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံး လွှတ်ပေးရေးတောင်းဆိုပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ ရွှေဗန့်ဂျီသပိတ် တို့ပူးပေါင်းပြီး ပြည်သူလူထုတွေနဲ့အတူ လူထု​ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေးအတွက် တောင်းဆိုမှုပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အမေစုလွတ်မှသာ စစ်မှန်တဲ့လွတ်လပ်မှုကိုရမယ်၊ အမေစုအတွက်၊ အားလုံးအတွက်၊ အမေစု လွတ်ရင် ငြိမ်းချမ်းရေး ပြန်ရမယ်၊ တစ်သံတည်းနဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြပါစို့” စတဲ့ဆိုင်းပုဒ်တွေ၊ စာတမ်းတွေကို ကိုင်ဆောင်ကြပြီး ချီတက်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခ) ကိုထိန်လင်းကလည်း သူ့ရဲ့ မိခင်အတွက် စိုးရိမ်မိကြောင်းနဲ့ သူမရဲ့ သတင်းကို ဘယ်သူမှ တိတိကျကျသိခွင့်မရှိဘဲ စစ်ကောင်စီရဲ့ မတရားချုပ်နှောင်ထားမှုထဲမှာ ကွယ်လွန်သွားတာလည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Leave a Comment

Latest Post

Latest Post