Thursday, December 25, 2025
Home » စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ရှိ စကစတပ်စခန်းများ အပြီးသတ်သိမ်းပိုက်မည်ဟု စလင်းမြို့နယ် ပကဖ ကြေညာ

စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ရှိ စကစတပ်စခန်းများ အပြီးသတ်သိမ်းပိုက်မည်ဟု စလင်းမြို့နယ် ပကဖ ကြေညာ

0 2
2

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း က ဒီဇင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက အပြီးသတ် သိမ်းပိုက်သွားမှာ ဖြစ်တာကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၅ ရက်၊ မနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း စလင်း ပကဖ အသိပေးထားတာပါ။

ဒါ့အပြင် စလင်းမြို့နဲ ဆင်ဖြူကျွန်းမြို့မှ အိမ်စီးကားတွေအားလုံး လုံခြုံရေးအရ မှန်ချမောင်းနှင်ကြဖို့နဲ့ မှန်ချမမောင်းနှင်တဲ့ ယာဉ်တွေကို စစ်ရေးအရ တာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ခရီးသွားတဲ့ ယာဉ်တွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ်မောင်းနှင်လိုက်ပါတာကို အထူးရှောင်ကြဉ်ကြဖို့ကိုလည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်မှာလည်း စလင်းမြို့မရဲစခန်းမှ မြို့အထွက်သို့ ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စလင်းမြို့နယ် ပကဖ ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၄ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး ခဲယမ်းအချိုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – စလင်း ပကဖ (ပုံဟောင်း)

Leave a Comment

Latest Post

Latest Post