Thursday, March 19, 2026
Home » မဲဆောက်မှာ စကစရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ရုပ်ရှင်ပြပွဲပြုလုပ်

မဲဆောက်မှာ စကစရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ရုပ်ရှင်ပြပွဲပြုလုပ်

0 48
48

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမနေ့ပြုလုပ်တဲ့ရက်မှာ “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း” တော်လှန်ရုပ်ရှင်ပြပွဲခမ်းအနားပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူ ကိုထွန်းက BBM ကိုပြောပါတယ်။

အဆိုပါ “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း” အခမ်းအနားကို ဒီဇင်ဘာလ၂၈ရက် ညနေ၆နာရီခွဲမှ ၉နာရီမှာ မဲဆောက်မြို့တစ်နေရာမှာ ကျင်းပခဲ့တာပါ။

“‌ဒီနေ့ကတော့ ထူးထူးခြားခြားပေါ့ စစ်ကောင်စီကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲစလုပ်တဲ့နေ့လည်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲက ဖဲသမားစကားနဲ့ပြောရလို့ရှိရင်
၅အိမ်လုံးကိုယ့်အိမ်ပဲ။ ဆိုတော့ အပျော်ကြေးရိုက်နေတဲ့သဘောပဲ။ ဘယ်သူပဲတတ်တတ် သူ့လူပဲ။ ဘယ်လောက်ထိလွတ်လပ်မှုရှိလဲဆိုရင် Zero” လို့ ပွဲလာ တော်လှန်ပြည်သူတစ်ဦးက BBMကိုပြောပါတယ်။

အဆိုပါ အခမ်းအနားအတွင်းပြသသွားတဲ့ ရုပ်ရှင်တွေနဲ့ သီချင်းတွေကတော့ DVB ဓာတ်ပုံဆုရ တော်လှန်ရေးသီချင်း၊ ပြုံးပြုံးလေး ရုပ်ရှင် Teaser၊ ပြုံးပြုံးလေးရုပ်ရှင် ပရိတ်သတ်များ၏ ရင်တွင်းစကားသံများ၊ သွေးမဲပုံး၊ Spring Burmese Billiken၊ A Fallen Hero၊ No Turning Back၊ Missing(တမ်းတခြင်း) နဲ့ ကြယ်၊ ရောင်နီ၊ ကမ္ဘာမကြေဘူး သီချင်းတွေပဲဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post