စစ်ကောင်စီမှ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာဖြင့် နိုင်ငံတစ်ဝန်း အကျဥ်းထောင်(၂၅)ခုမှ နိုင်ငံရေးအကျဥ်းသူ၊အကျဥ်းသား စုစုပေါင်း (၁၈၉၅)ဦးလွတ်မြောက်လာတယ်လို့ Political Prisoners Network-Myanmar မှ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မတ်လ(၂)ရက်နေ့ တောင်သူ လယ်သမားနေ့ မှာ ပုဒ်မ၅၀(ည)နဲ့ ပုဒ်မ၅၂(က) ဖြင့် အကျဥိးထောင်အသီးသီးမှာ ကျခံနေရတဲ့ နိုင်ကျဥ်းတွေကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
PSNM ရဲ့ထုတ်ပြန်ချက်အရ ပေါင်းတည်အကျည်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ဒိုက်ဦးအကျဉ်းထောင်၊ မအူပင်အကျဉ်းထောင်၊ကော့သောင်းအကျဉ်းထောင်၊ ပခုက္ကူအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်၊ ပြည်အကျဉ်းထောင်၊ သထုံအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊အင်းစိန်အကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ ကျိုက်မရောအကျဉ်းထောင်၊သရက်အကျဉ်းထောင်၊ ဟင်္သာတအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ရမည်းသင်းအကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်၊ မြင်းခြံအကျဉ်းထောင်၊ မိတ္ထီလာအကျဥ်းထောင်၊ ပုသိမ်အကျဥ်းထောင်၊ထားဝယ် အကျဉ်းထောင်နဲ့ မိုးညှင်းအကျဥ်းထောင်တို့မှ လွတ်မြောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လွတ်မြောက်လာခဲ့ပြီးတဲ့ နိုင်ကျဥ်းအရေအတွက်အသေးစိတ်နဲ့ တိကျခိုင်မှာစေရေးအတွက် ဆက်လက်ကြိုးစားနေပြီး နောက်ဆုံးရရှိတဲ့အချက်အလက်များကို ထပ်မံထုတ်ပြန်သွားမယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်ကြေငြာထားပါတယ်။