Wednesday, March 18, 2026
Home » နိုင်ငံအတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက်နဲ့အောင်မြင်မှုတွေကို မျိုးစေ့ချပေးခဲ့ပြီးဟု မင်းအောင်လှိုင်ဆို

နိုင်ငံအတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက်နဲ့အောင်မြင်မှုတွေကို မျိုးစေ့ချပေးခဲ့ပြီးဟု မင်းအောင်လှိုင်ဆို

0 6

နိုင်ငံအတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက်နဲ့အောင်မြင်မှုတွေကို မိမိတို့အစိုးရအနေနဲ့ မျိုးစေ့ချပေးခဲ့ပြီးပြီဖြစ်တဲ့အပြင် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ကလည်း ခွဲဝေချထားပေးတဲ့ နိုင်ငံဘဏ္ဍာကို အလေအလွင့်မရှိစေဖို့ဆောင်ရွက်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ၆ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ အဖွင့်အမှာစကားအနေနဲ့ စစ်ခေါင်းဆောင်အနေနဲ့ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပထမဦးဆုံးအနေနဲ့ ကာလုံကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာပြီးဆုံးပြီးနောက် ရွေးကောက်ပွဲကတက်လာမဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးမယ်ဖြစ်ပြီး ၎င်းဦးဆောင်ခဲ့တဲ့ အစိုးရအနေနဲ့က ကောင်းမွန်တဲ့ဆောင်ရွက်ချက်တွေ၊ အောင်မြင်မှုတွေကို မျိုးစေ့ချပေးခဲ့ပြီးတာမို့ နောက်တက်မဲ့အစိုးရကိုလည်း အရှိန်မပြတ်ဆက်လုပ်နိုင်ရန် ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်တွေကို သတ်မှတ်ပေးခဲ့ရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ဦးစားပေးကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊ စီးပွါးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးတို့အပါ အခြားလိုအပ်ချက်အသုံးစရိတ်များကို စိစစ်လျာထားပေးရမှာဖြစ်ပြီး ခွဲဝေချထားပေးတဲ့ ရန်ပုံငွေတွေကိုအစိုးရအဖွဲ့အစည်းတွေနဲ့က အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်သာမက နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်မရှိကြရေး ကြပ်မတ်ဆောင်ရွက်ကြရန်လည်း စစ်ခေါင်းဆောင်က မှာကြားခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post