Tuesday, March 17, 2026
Home » MNDAAနဲ့ TNLA တို့ စစ်ရေးတင်းမာနေရာမှ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ဒရုန်းအသုံးပြုတိုက်ခိုက်နေ

MNDAAနဲ့ TNLA တို့ စစ်ရေးတင်းမာနေရာမှ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ဒရုန်းအသုံးပြုတိုက်ခိုက်နေ

0 10
10

MNDAAနဲ့ TNLAတို့ကြား အချိန်အတော်ကြာစစ်ရေးတင်းမာနေရာက တိုက်ပွဲတွေစတင်ဖြစ်ပွါးနေပြီး ကွက်ခိုင်မြို့အပါ နောက်ထပ်စစ်မျက်နှာ (၄)ခုမှာ ဒရုန်းတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က ကွက်ခိုင်မြို့ပေါ်ရှိ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို TNLA ဘက်က လိုက်လံဖြုတ်သိမ်းတာနဲ့ မြို့ပေါ်က MNDAA တပ်ဖွဲ့တွေကို အင်အားသုံးဖယ်ရှားရာမှ MNDAAနဲ့ TNLA တို့ စတင်စစ်ရေးတင်းမာလာခြင်းပဲ ဖြစ်ပါတယ်။

MNDAA ဘက်က ဒီဖြစ်စဥ်ဖြစ်ပြီးနောက် သိန္ဒီမြို့နယ်၊ လားရှိုးမြို့နယ်တို့ရှိTNLA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရိုက်နှက်တာတွေ TNLA ထိန်းချုပ်ရာဒေသတွေကို ကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်တာတွေပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးကလည်း စစ်အင်အားတိုးချဲ့တာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတဲ့ TNLA နဲ့ MNDAA တို့ကြား ပစ်ခတ်မှုတွေ ဒီနေ့မနက်ပိုင်းမှာစတင်ဖြစ်ပွါးလာပြီး တိုက်ပွဲတွေအတွင်း ဒရုန်းအသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

“MNDAAနဲ့ TNLAတို့စစ်ရေးတင်းမာရာကနေ ကျည်စဖောက်ပြီ၊MNDAAဘက်က ကျည်စဖောက်တာလို့လည်း သိထားတယ်၊ ဒရုန်းတွေနဲ့ပါဆော်နေတာ”

ဒါ့အပြင် လက်ရှိတိုက်ပွဲတွေစတင်ဖြစ်ပွါးနေတဲ့နေရာတွေဟာ တင်းမာမှုတွေစတင်ရာ ကွက်ခိုင်မြို့နယ်ဘက်သာမက မန်ပိန်း၊ နမ့်သောင်း၊ ကာလျန်ဘက်တွေမှာပါ ဖြစ်ပွါးနေတယ်လို့ အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

“ခုက ကွက်ခိုင်၊ မန်ပိန်း၊ နမ့်သောင်း၊ ကာလျန် ဘက်တွေမှာ ဖြစ်နေတာပါ၊ စစ်မျက်နှာလေးခုလောက်ကို ဖွင့်ပြီးဖြစ်နေကြတာ”

အဆိုပါဒေသတွေမှ ပြည်သူတွေအနေနဲ့ လက်နက်ပေါက်ကွဲသံတွေကို လက်ရှိအချိန်ထိ ကြားနေရပြီး တိုက်ပွဲကြောင့် စစ်ရှောင်ရမှာတွေ ကုန်ပစ္စည်းစျေးနှုန်းတက်မှာတွေကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

MNDAAနဲ့ TNLAတို့ရဲ့ အဆိုပါတိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ဘုံရန်သူစစ်ကောင်စီကို မတိုက်ဘဲမဟာမိတ်အချင်းချင်းအခုလိုတိုက်ပွဲဖော်ဆောင် တာဟာ မဖြစ်သင့်ဘူးဟုလည်း ဒေသခံတွေအပါတော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုမှုတွေရှိနေပါတယ်။

Leave a Comment

Latest Post

Latest Post