Tuesday, March 17, 2026
Home » တိုင်းပြည်အတွက် တကယ်အလုပ်လုပ်သူတွေသာလိုပြီး အခွင့်အရေးသမား၊ နေရာရဖို့ကြိုးစားသူတွေမလိုအပ်လို့ မင်းအောင်လှိုင်ပြော

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်သူတွေသာလိုပြီး အခွင့်အရေးသမား၊ နေရာရဖို့ကြိုးစားသူတွေမလိုအပ်လို့ မင်းအောင်လှိုင်ပြော

0 8

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်သူတွေသာလိုအပ်ပြီး အခွင့်အရေးသမားတွေ၊ နေရာရဖို့ကြိုးစားသူတွေကိုမလိုအပ်တဲ့အပြင် လူငယ်တွေ၊ အမျိုးသမီးတွေကိုနေရာပေးဖို့လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မတ်လ(၁၃)ရက်(ဒီနေ့) နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE) မှာ အဖွင့်မိန့်ခွန်းပြောကြားရာမှာ စစ်ခေါင်း ဆောင်ဟာအထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းပဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ အနာဂတ်မှာ တကယ်အလုပ်လုပ်မဲ့ လူငယ်တွေလိုအပ်ကြောင်းကို လူငယ်ဖိုရမ်ပွဲမှာတုန်းက ၎င်းအနေနဲ့ ပြောကြားခဲ့ပြီးသလို လူငယ်တွေ အမျိုးသမီးတွေကိုနေရာပေးရေးအတွက်လည်း အလေးထားစဥ်းစားနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ တကယ်အလုပ်လုပ်တဲ့လူတွေ အလုပ်လုပ်မယ့်လူတွေ ကျွန်တော်တို့ လိုပါတယ်။ အခွင့်အရေးသမားတွေ နေရာရဖို့ ကြိုးစားတဲ့သူတွေတော့ မလိုချင်ပါဘူး။ အနာဂတ်မှာ ဒီလို တကယ်လုပ်မဲ့လူတွေ လူငယ်တွေ ကျွန်တော် ပြီးခဲ့တဲ့ ဖိုရမ်မှာလည်းပြောပါတယ်။ လူငယ်တွေ နေရာပေးဖို့ လိုတယ်။ ကျွန်တော် အလေးထား စဉ်းစားပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကျွန်တော် အလေးထား စဉ်းစားပါတယ်”

ဒါ့အပြင်ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ၎င်းတို့ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့လည်း ၎င်းအနေနဲ့ မဲလုံးဝခိုးလို့မရအောင်ဆောင်ရွက်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့်အဆိုပါရွေးကောက်ပွဲရလဒ်မှတဆင့် တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လိပ်ပြာလုံလုံဖြင့်တက်လာတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တယ်လို့လည်း ရဲရဲကြီးအာမခံရဲတယ်လို့လည်း စစ်ခေါင်းဆောင်ကဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လုံးဝကို သန့်ရှင်းတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင်လုပ်ပေးတယ်။ ဘယ်လိုနည်းနဲ့မှ မဲခိုးလို့မရအောင် လုပ်ပေးတယ်။ ခင်ဗျားတို့ လိပ်ပြာလုံတယ် အကုန်လုံး။ ကျွန်တော်ပြောရဲတယ်။ သတ္တိရှိရှိ ကျွန်တော်ပြောရဲတယ်။ ခင်ဗျားတို့ လိပ်ပြာလုံလုံနဲ့ တက်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်တယ်”

ဒါတင်မက နောက်ထပ်လည်း ငွေကြေးသုံးစွဲမှုနဲ့ပတ်သတ်ပြီးချွေတာရန်၊ လောင်စာဆီချွေတာရန်တွေသာမက ပညာရေးဦးစားပေးကိစ္စနဲ့ ပြည်တွင်းစစ်ရှည်ကြာနေတာဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြောင့်ဆိုပြီး ပြောဆိုစွပ်စွဲသွားပါသေးတယ်။

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပညာရေးတို့ကိုတိုးမြှင့်ဆောင်ရွက်မယ်လို့ပြောဆိုနေပေမဲ့ လက်ရှိမြေပြင်မှာတော့ တိုင်းရင်းသားဒေသတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိပါတယ်။

Leave a Comment

Latest Post

Latest Post