Wednesday, April 8, 2026
Home » စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်

0 11
11

စစ်ဗိုလ်ချုပ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်နှစ်ရပ်နဲ့ စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့တွေက ဒုသမ္မတ ရွေးချယ်ရေးအစည်းအဝေးများ ပြုလုပ်လျက်ရှိရာ မင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုသမ္မတအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ မတ်လ ၃၀ ရက်မှာ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အစုအဖွဲ့နဲ့ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ စစ်တပ်အစုအဖွဲ့တို့က ဒုတိယသမ္မတများ ရွေးချယ်ရေးအတွက် အစည်းအဝေးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့ကစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် တင်သွင်းလိုက်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေ ကိုလည်း ရွေးချယ်တင်သွင်းလိုက်တယ်လို့ ဆိုပါတယ်။

“ဒုသမ္မတ ရွေးလိုက်ပြီ ဆိုကတည်းက ဒီကောင်(မင်းအောင်လှိုင်)က သမ္မတလုပ်မှာ လုံးဝသေချာပါပြီ၊ အစိပ်သား(စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့)က ‌ရွေးမယ်လို့ အများစုထင်ပေမဲ့ ပြည်သူ့လွှတ်တော်က ရွေးလိုက်တယ်၊ ဒါကဘာလဲဆိုရင် အစိပ်သားထက် ပြည်သူ့လွှတ်တော်က ရွေးတဲ့ သမ္မတလောင်းက ပိုခိုင်မာတာကြောင့်လဲ ဖြစ်နိုင်ပါတယ်” လို့ CDM ဗိုလ်ကြီး တဦးက သုံးသပ်ပြောပါတယ်။

အလားတူ အမျိုးသားလွှတ်တော်အစုအဖွဲ့ ကလည်း ဒုတိယသမ္မတအဖြစ် ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နန့်နီနီအေးနဲ့ တိုင်းရင်းသားပါတီအစုအဖွဲ့က ဒေါက်တာ မနမ်တူးဂျာတို့ကို ရွေးချယ်တင်သွင်းလိုက်တယ်လို့ သိရပါတယ်။

အဆိုပါအစုအဖွဲ့ ၃ ဖွဲ့က အမည်စာရင်းရွေးချယ်ခဲ့တဲ့ ဒုသမ္မတ ၃ ဦးထဲက ၁ ဦးကို သမ္မတအဖြစ် ထပ်မံရွေးချယ်မှာဖြစ်ပြီး ကျန် ၂ ဦးကတော့ ဒုသမ္မတ (၁)နဲ့ (၂) ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဒုသမ္မတ အဖြစ် ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်က တရက်တည်းမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတပ်ချုပ်အဖြစ် တပ်ခေါင်းဆောင်ပိုင်းတွေကိုလည်း အသီးသီးပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post