Sunday, December 21, 2025
Home » ပုလောမြို့နယ် ခလရ ၁၇ မှ ပြည်သူ့စစ်မှုထမ်းတပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ ခဲယမ်းများ ယူဆောင်အလင်းဝင်

ပုလောမြို့နယ် ခလရ ၁၇ မှ ပြည်သူ့စစ်မှုထမ်းတပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ ခဲယမ်းများ ယူဆောင်အလင်းဝင်

0 43
43

သတင်း – ခက်ဆစ်

တနင်္သာရီတိုင်း၊ ပု‌လောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် ခလရ ၁၇ မှ ပြည်သူ့စစ်မှုထမ်းတပ်သား ၂ ဦးက သေနတ် ၂ လက်နဲ့ခဲယမ်းများ ယူဆောင်အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၁၇ မှ တပ်ကြပ်ကြီး စာရေး အကူ ၁ ဦးနဲ့ ဒုတပ်ကြပ် ၁ ဦးတို့က မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ ပူးပေါင်းအဖွဲ့ထံသို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MA-1 ရိုင်ဖယ် (၁) လက်၊ MA-2 စက်ကလေး (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ M-14 နင်းမိုင်း (၁) ခု၊ ကျည်ဘောက် (၁၅)ခု၊ ကပစထုတ် ၅.၅၆ ကျည် (၇၉ဝ) တောင့်တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်တပ်သားတွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂)မှာ အတင်းအဓမ္မစုဆောင်းခြင်းခံခဲ့ရပြီးနောက် ခလရ (၁၇) မှာ တာဝန်ချထားတာဖြစ်ပြီးကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားသလို လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်လျက် ရှိတယ်လို့ ဆိုပါတယ်။

စစ်အောက်စီလက်အောက်မှ ရုန်းထွက်လာသူတိုင်းကို အမြဲလက်ကမ်း ကြိုဆိုလျက်ရှိပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ သတ္တိမွေးပြီး ရုန်းထွက်ခဲ့ကြဖို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

Leave a Comment

Latest Post

Latest Post