Sunday, June 29, 2025
Home » အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို လပိုင်းလောက်သာ နောက်ဆုတ်သွားစေတယ်လို့ အမေရိကန်ထောက်လှမ်းရေးရဲ့ အစောပိုင်းအစီရင်ခံစာက ဖော်ပြ

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို လပိုင်းလောက်သာ နောက်ဆုတ်သွားစေတယ်လို့ အမေရိကန်ထောက်လှမ်းရေးရဲ့ အစောပိုင်းအစီရင်ခံစာက ဖော်ပြ

0 8
8

အမေရိကန်သမ္မတနဲ့ အစ္စရေး၀န်ကြီးချုပ်က လုံး၀ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ငြင်းဆို

ကိုးကား-Ap News

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ သမ္မတဒေါ်နယ်ထရမ့် ပြောခဲ့သလို အီရန်ရဲ့ နျူကလီးယားလက်နက်အစီအစဥ်ကို အပြီးတိုင်မချေမှုန်းနိုင်ဘဲ လအနည်းငယ်သာ နောက်ဆုတ်သွားစေခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြပါတယ်။

ဇွန်လ၂၃ရက် တနင်္လာနေ့မှာ ကာကွယ်ရေးနဲ့ထောက်လှမ်းရေးအေဂျင်စီရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အီရန်ရဲ့နျူကလီးယားစက်ရုံ အခြေအနေ‌တွေဟာ ထရမ့်နဲ့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟူး တို့ရဲ့ ထုတ်ပြန်ချက်တွေနဲ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ၂၂ရက် တနင်္ဂနွေနေ့က အီရန်ရှိ ဖော်ဒိုး၊ နတန့်စ် နဲ့ အစ္စတာဖန် နျူကလီးယားဆိုက်တွေကို တိုက်ခိုက်မှုအတွင်း သိသာထင်ရှားတဲ့ ပျက်စီးမှုများရှိခဲ့ပေမဲ့ အဆောက်အဦးတွေ လုံးဝပျက်စီးခြင်းမရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်က အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို လုံး၀ စွန့်လွှတ်ဖို့ စည်းရုံးသိမ်းသွင်းရန် စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်စတင်ရန် မျှော်လင့်ထားပါတယ်။

တဖက်‌မှာလဲ ကျွမ်းကျင်သူအချို့က အမေရိကန်ရဲ့ ဆက်လက်တိုက်ခိုက်လာနိုင်ချေတွေ နဲ့ အီရန်ဘက်ကလဲ ပြန်လည်ထူထောင်လာပြီးတော့ လက်နက်အင်အားအသစ်တွေ ရရှိလာမှာကို အထူးစိုးရိမ်နေကြပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီအချိန်အတောအတွင်း နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အရေးပါတဲ့ ယူရေနီယံအချို့ကို နေရာပြောင်းရွှေ့နိုင်ခဲ့ပြီး နျူးကလီးယား ဓာတ်ပေါင်းဖိုတွေဟာလည်း အရင်အတိုင်း မပျက်စီးဘူးလို့ ပြည်သူတွေဆီကသိရပါတယ်။

အမေရိကန်ရဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေဟာ ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ဗုံးတွေနဲ့ ဖော်ဒိုးရှိ မြေအောက် ယူရေနီယံ သန့်စင်စက်ရုံဘန်ကာ‌တွေ‌ပေါ်ကို ဗုံးကြဲချခဲ့‌ပေမဲ့ အခြေခံအဆောက်အအုံ‌တွေသာ ပျက်စီးသွားခဲ့ပြီး မြေအောက်အဆောက်အအုံတွေတော့ မပျက်စီးခဲ့ဘူးလို့ အစီရင်ခံစာတွင်ရေးသားထားပါတယ်။

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီတွင် ထောက်လှမ်းရေးအရာရှိတွေ အဲ့ဒီအကျိုးဆက်အတွက် သတိပေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အိမ်ဖြူတော်ကတော့ DIAရဲ့ အစီရင်ခံစာကို အခြေအမြစ်မရှိဘူးလို့ပြောကြားခဲ့ပြီး သမ္မတ ထရမ့်ကလဲ အီရန်ရဲ့ နျူကလီးယား စက်ရုံတွေ ပျက်စီးသွားပြီလို့ ပြန်လည် ချေပပြောဆိုထားပါတယ်။

“အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ အမှုန့်ဖြစ်သွားတာကို ခင်ဗျားတို့မြင်ရပါလိမ့်မယ်” လို့ ထရမ့်က နယ်သာလန်တွင် ပြုလုပ်တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဇွန်လ၂၄ရက် အင်္ဂါနေ့က ‌အစ္စရေး၀န်ကြီးချုပ် နေတန်ရာဟူးကလဲ အီရန်ဟာ နောက်ထပ် နှစ်ကာလ တော်တော်ကြာတဲ့အထိ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်တော့ဘူးလို့ နိုင်ငံပိုင်ရုပ်မြင်သံကြားတွင်ပြောခဲ့ပါတယ်။

နေတန်ရာဟူးက အမေရိကန်အနေနဲ့ အခုလိုအစ္စရေးဘက်ကနေ စစ်ကူတိုက်ပေးတဲ့အတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်းလဲ ပြောခဲ့ပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေအရ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ ဇွန် ၁၉ရက်နေ့က ဖော်ဒိုးမှာရှိတဲ့ နျူကလီးယားစက်ရုံတွေမှာ ထရပ်ကားတွေနဲ့ ဘူဒိုဇာတွေ တွေ့ခဲ့ရပြီး ယူရေနီယံတွေ သယ်ထုတ်သွားတာဖြစ်နိုင်‌တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

“အီရန်က ဖော်ဒိုးမှာရှိတဲ့ ယူရေနီယံ ၆၀%နဲ့ ဓာတ်ပေါင်းဖိုတွေကို ထရပ်ကားတွေနဲ့ သယ်ထုတ်သွားတာ ဖြစ်နိုင်တယ်” လို့ အမေရိကန် ထောက်လှမ်းရေး လေ့လာသူဟောင်းနဲ့ အခု Nuclear Threat Initiativeတွင် ဒုတိယ ဒုဥက္ကဋ္ဌနေရာယူထားတဲ့ အဲရစ်ခ် ဘရူရား က ပြောပါတယ်။

Photo-Ap News

Leave a Comment

Latest Post

Latest Post