Wednesday, March 18, 2026
Home » စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်း စကစတပ်တွေကို PDF ၊ KNLA တပ်တွေတိုက်ခိုက်

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်း စကစတပ်တွေကို PDF ၊ KNLA တပ်တွေတိုက်ခိုက်

0 47
47

စကစတပ်သား ၇ ဦးထက်မနည်းသေဆုံး၊ ၂၂ ဦး ဖမ်းမိပြီး လက်နက်မျိုးစုံ ၂၈ လက်သိမ်းဆည်းရရှိ

သတင်း-ခက်ဆစ်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ စကစတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် အမှတ်(၂) စစ်ဒေသခွဲ(JOC)ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၂ ဦးကိုလည်းစစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဟာ အထိအခိုက်များစွာနဲ့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် လက်နက်မျိုးစုံ (၂၈)လက်နဲ့ ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉) တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post