Sunday, June 29, 2025
Home » အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံ ၃ခုကို ‌ပေါင်၃၀၀၀၀ ဗုံးများနှင့် စတင်ဗုံးကျဲတိုက်ခိုက်

အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံ ၃ခုကို ‌ပေါင်၃၀၀၀၀ ဗုံးများနှင့် စတင်ဗုံးကျဲတိုက်ခိုက်

0 8
8

ကိုးကား – AP News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများရှိရာ ဖော်ဒိုး၊ နတန့်စ် နှင့် အစ္စဖာဟန် တို့ကို အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီး လေယာဉ်များ အထိအခိုက်မရှိပြန်လည် ဆိုခွာနိုင်ခဲ့ကြောင်း ဇွန်လ၂၂ရက် တနင်္ဂ‌နွေနေ့က Al Jazeera သတင်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်သည် ဒါဇင်နှင့်ချီသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး သမ္မတ ဒေါ်နယ် ထရမ့်က အိမ်ဖြူတော်မှ ရုပ်မြင်သံကြား မိန့်ခွန်းတွင် တိုက်ခိုက်မှုများသည် နျူကလီးယား စက်ရုံများတည်ရှိရာ ၃နေရာကို ချေမှုန်းပစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူများက အဆိုပါ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

နာရီများစွာကြာပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီ က သံတမန်ရေးခရီးဆုံးသွားပြီဖြစ်ကြောင်းနှင့် အီရန်နိုင်ငံသည် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

အီရန်၏မဟာမိတ်ဖြစ်သည့် ရုရှားနှင့် ဆွေးနွေးညှိနှိုင်းရန် မော်စကိုမြို့သို့ သွားရောက် မည်ဖြစ်ကြောင်း အာရာဂ်ချီက ပြောကြားခဲ့သည်။

“ဝါရှင်တန်သည် တရားမျှတမှုမရှိ ရန်လိုမုန်းတီးတဲ့ တိုက်ခိုက်မှုဟာ အန္တရာယ်ရှိတဲ့ အကျိုးဆက်များတွေနဲ့ ကျယ်ပြန့်တဲ့ သက်ရောက်မှုများအတွက် လုံး၀ တာဝန်ရှိပါတယ်” ဟု အီရန်အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်၏တိုက်ခိုက်မှုအပြီးတွင် တူရကီသတင်းထောက်များအား ပြောကြားခဲ့သည်။ “နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခြင်းအားဖြင့် အလွန်ကြီးမားတဲ့ အနီရောင်မျဉ်းကို ကျော်ခဲ့တာပဲ” ဟုလည်း ထပ်မံပြောကြားခဲ့သည်။

ဖော်ဒိုး၊ နတန့်စ်နှင့် အစ္စဖန် ယူရေနီယံသန့်စင်ရေး စက်ရုံများ တိုက်ခိုက်ခံရကြောင်း အီရန် အဏုမြူစွမ်းအင်အဖွဲ့မှ အတည်ပြုခဲ့သော်လည်း ၎င်း၏နျူကလီးယားအစီအစဉ်ကို ရပ်တန့်မည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီရန်နှင့် ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိုနေရာ ၃ ခုတွင် ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု လက္ခဏာများ ချက်ချင်း မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် နောက်ထပ် အရှိန်စစ်ပွဲအရှိန်မမြင့်လာစေရန်သံတမန်ရေးအရ တောင်းဆိုနေကြသည်။

အစ္စရေး-အီရန် ကိုးရက်ကြာစစ်ပွဲတွင် အစ္စရေး၏မဟာမိတ်ဖြစ်သည့် အမေရိကန်သည် အီရန်ကို ဆက်လက်တိုက်ခိုက်မည်လားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က တီဟီရန်သည် အမေရိကန်တပ်များကို လက်တုံ့ပြန်မည်ဆိုပါက စစ်ဆင်ရေးသည် ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Leave a Comment

Latest Post

Latest Post