Thursday, August 28, 2025
Home » မြင်းခြံခရိုင်အတွင်း ရိက္ခာနဲ့လက်နက်လာပို့တဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကင်းပုန်းဝပ်တိုက်ခိုက်

မြင်းခြံခရိုင်အတွင်း ရိက္ခာနဲ့လက်နက်လာပို့တဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကင်းပုန်းဝပ်တိုက်ခိုက်

1 54
54

🟥 စကစဘက်မှထိခိုက်သေဆုံးမှုများပြီး သုံ့ပန်းအချို့အရှင်ဖမ်းမိ

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို လက်နက်နဲ့ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဥ်တန်းနဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း၇ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ထံမှသိရပါတယ်။

၂၀၂၅ခုနှစ် ဇူလိုင်လ၃ရက်(ယမန်နေ့)မနက် ၇နာရီခွဲလောက်မှာ မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်နဲ့ မြို့သာကြားတစ်နေရာမှာ ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့လုံခြုံရေးအဖြစ်လိုက်ပါလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့သာ-ဆီမီးခုံကားလမ်းကိုအသုံးပြုပြီး မြင်းခြံခရိုင်တွင်းရှိ ဆီမီးခုံ၊ ငါန်းမြှာကြီးနဲ့ ဆုံရွာတွေဘက်ကို ထောက်ပို့ပစ္စည်းတွေလာပေးမယ်ဆိုတာ သတင်းရတာကြောင့် (၃)ရက်ခန့်ကြိုတင်ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

“ကြိုတင်သတင်းရထားလို့ ဇွန်၃၀ရက်ညနေ့၆နာရီကတည်းက ကင်းပုန်းဝပ်ပြီးစောင့်နေတာပါ၊၃ရက်နေ့မနက်ပိုင်းမှ ယာဥ်တန်းလာပြီးတိုက်ပွဲဖြစ်တာဆိုတော့ ၃ရက်နီးပါးတော့ စိတ်ရှည်ရှည်နဲ့စောင့်လိုက်ရတယ်”

လို့ မြင်းခြံခရိုင်၊အမှတ်(၇)တပ်ရင်း ဇီးရိုးပြောက်ကျားခေါင်းဆောင် ကိုသက်ကြီးမှBBM ကိုပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ ဇူလိုင်လ၃ရက်နေ့ မနက် ၇နာရီခွဲခန့်မှ နေ့လယ်၁၁နာရီအထိကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုများပြားကာ သုံ့ပန်း(၄)ယောက်လည်း အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

” စကစ ဘက်က သေဆုံးတာများတယ်၊သုံ့ပန်းလဲမိထားတာရှိတယ်၊ ဒီတိုက်ပွဲက ပင်လဲပင်ပန်းတယ်၊ ပင်ပန်းရကျိုးနဲ့နပ်အောင်လဲ အကျိုးအမြတ်အများကြီးရလိုက်ပါတယ်၊ ကိုယ်တိုင်စီစဥ်ပြီးတိုက်ရတော့ အားရကျေနပ်မှုလဲရှိတယ်”

လို့ကိုသက်ကြီးမှ BBM ကိုဆက်ပြောပါတယ််။

ဒါ့အပြင် ဇီးရိုးပြောက်ကျားတပ်ဖွဲ့အနေနဲ့ ကိုယ်ထူကိုယ်ထဆောင်ရွက်နေရတဲ့ တပ်ဖွဲ့ဖြစ်ပေမဲ့ ရှေ့ဆက်ပြီး ပြည်သူတွေလိုချင်တဲ့အောင်ပွဲနဲ့ပျော်ရွှင်မှုတွေရတဲ့အထိ ဆက်လက်
တိုက်ပွဲဝင်သွားမယ်လို့လည်း ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးမှ ဆက်ပြောပါတယ်။

“ကျွန်တော်တို့က ကိုယ်ထူကိုယ်ထလုပ်နေရတော့ တစ်ခါတစ်လေတိုက်ပွဲမဖော်ဘဲပျောက်နေတာရှိပါတယ်၊ ပျောက်တယ်ဆိုတာအရှိန်ယူတာပါ ၊ရှေ့ဆက်ပြီး ပြည်သူတွေလိုချင်တဲ့အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မှာပါ”

လို့ဆက်လက် ပြောကြားပါတယ်။ အဲ့ဒီတိုက်ပွဲကို ဇီးရိုးပြောက်ကျားတပ်ဖွဲ့အပြင် မြင်းခြံခရိုင်တပ်ရင်း(၇)အတွင်းရှိ ဒေါင်းမင်း၊ကိုခန့်ကြီးနဲ့ Colunm-5အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရိက္ခာကားတစ်စီးကိုလည်း ရရှိလိုက်တယ်လို့ သိရှိရပါတယ်။

1 comment

Anonymous July 5, 2025 - 9:01 pm

🫡

Reply

Leave a Comment

Latest Post

Latest Post