Sunday, June 29, 2025
Home » အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် အချုပ်အခြာအာဏာပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ဟု မြောက်ကိုရီးယား ရှုတ်ချ

အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် အချုပ်အခြာအာဏာပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ဟု မြောက်ကိုရီးယား ရှုတ်ချ

0 13
13

ကိုးကား – Reuters

အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်၏ တိုက်ခိုက်မှုသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ လုံခြုံရေး အကျိုးစီးပွားနှင့် နယ်မြေပိုင်နက်ဆိုင်ရာ အခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဇွန်လ၂၃ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အရှေ့အလယ်ပိုင်းရှိ “စစ်ပွဲများနှင့် နယ်မြေချဲ့ထွင်မှု”များအတွက် တရားခံများဖြစ်ပြီး အနောက်နိုင်ငံများက လက်ခံအားပေးလျက်ရှိ‌ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး အကျိုးစီးပွားကို အပြင်းအထန် နင်းချေခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။

“တရားမျှတတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း‌တွေဟာ အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်တွေကို တညီတညွတ်တည်း ပြစ်တင်ရှုံ့ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ပြောဆိုသင့်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်နှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားတို့သည် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ပဲ့ထိန်းဒုံးကျည်များ တီထွင်ထုတ်လုပ်ခြင်းအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆယ်စုနှစ်များစွာကြာပြီဖြစ်ကြောင်း သံသယရှိခဲ့ကြသည်။

ယခုအခါ ပျက်ပြယ်သွားပြီဖြစ်သော ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုများကိုစောင့်ကြည့်လေ့လာနေသည့် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့က ၂၀၂၁ခုနှစ်တွင် အီရန်နှင့် မြောက်ကိုရီးယားသည် အရေးကြီးသော အစိတ်အပိုင်းများ လွှဲပြောင်းခြင်းအပါအဝင် တာဝေးပစ်ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အီရန်တွင်ပျက်စီးသွားသော ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံများ ပြန်လည်တည်‌ဆောက်ခြင်းနှင့် စိစစ်ခြင်းကို ရှောင်ရှားနိုင်ရန် နေရာအသစ်များ အပါအဝင် အရေးကြီးသော အကူအညီများကို မြောက်ကိုရီးယားက ပံ့ပိုးပေးနိုင်တယ်” ဟု အမေရိကန်အခြေစိုက် Carnegie Endowment for International Peace မှ Ankit Panda က ပြောကြားခဲ့သည်။

အီရန်၏နျူကလီးယားလက်နက်စက်ရုံများကိုက ပြန်လည်တည်ဆောက်ရန် သို့မဟုတ် အရှိန်မြှင့်ရန် ကြိုးပမ်းမှုများအပေါ် ပူးပေါင်းဆောင်ရွက်ရန် မည်သည့်နိုင်ငံက စိတ်ဝင်စားသည်ကို သေချာမသိနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“အီရန်မှာ တစ်ကြိမ် အမေရိကန်က ရှာဖွေတွေ့ရှိပြီး အဟန့်အတား လျော့ပါးအောင် အမေရိကန်ကို ကူညီပေးနိုင်တာကြောင့် မြောက်ကိုရီးယားက မပြန့်ပွားစေချင်တဲ့ လက်နက်ဒီဇိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စအချို့ရှိပါတယ်” ဟု ပန်ဒါက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားတို့ ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာအပြင် ပဲ့ထိန်းဒုံးကျည်များနှင့် အခြားလက်နက်များကို ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်၊ ယူကရိန်းနှင့် အခြားသော ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Leave a Comment

Latest Post

Latest Post