Monday, December 22, 2025
Home » စစ်ကောင်စီရဲ့မက်လုံးကြောင့် စား၀တ်နေ‌ရေးကျပ်တည်းနေတဲ့ လူငယ်အချို့ကို မိဘတွေကိုယ်တိုင်က လက်မှတ်ထိုးပြီး စစ်မှုထမ်းခိုင်းနေ

စစ်ကောင်စီရဲ့မက်လုံးကြောင့် စား၀တ်နေ‌ရေးကျပ်တည်းနေတဲ့ လူငယ်အချို့ကို မိဘတွေကိုယ်တိုင်က လက်မှတ်ထိုးပြီး စစ်မှုထမ်းခိုင်းနေ

0 26
26

နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီက နေ့ရော ညပါ ပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်အခြေခံလူတန်းစားလူငယ်လူရွယ်တွေဟာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီအတွက် စစ်မှုမထမ်းဆောင်ချင်ပေမဲ့ စား၀တ်နေရေးကြောင့် မိဘတွေကိုယ်တိုင်က လက်မှတ်ထိုးပေးပြီး စစ်ကောင်စီဖွင့်လှစ်တဲ့ စစ်မှုထမ်းသင်တန်းတွေကို တက်ရောက်နေရတယ်လို့ BBM ကစုံစမ်းသိရှိရပါတယ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီရဲ့ နေ့ရော ညပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် လူငယ်တွေဟာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ စစ်မှုထမ်း ဖို့အတွက် စစ်ကောင်စီပေးတဲ့ သိန်း၅၀၊ ၁၀၀ကို မက်မောပြီး မိဘတွေကိုယ်တိုင်က ကျောက်တံခါးရုံးချုပ်မှာ လက်မှတ်ထိုးပေးပြီး စစ်ထဲဝင်ခိုင်းနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက BBMကိုပြောပါတယ်။

“ကျွန်တော့်ညီ၀မ်းကွဲကိုယ်တိုင်တောင် ၀င်သွားတယ်ပေါ့နော်။ စစ်ကောင်စီကို အားပေးလို့တော့မဟုတ်ဘူး။ ဖားစာ၊ငါးစာတောင် ထွက်ရှာလို့ မရတော့တဲ့အခြေအနေဆိုတော့ မဟုတ်လည်းပေါ်တာပါမှာပဲဆိုပြီး သူတို့ပေးတဲ့ သိန်း၅၀၊ ၁၀၀ပဲယူပြီးတော့ ၀င်ကုန်ကြတော့တာပေါ့။ ကျွန်တော်လည်း ဖျောင်းဖျတယ်။ ဒါပေမဲ့ မရဘူး”

လို့ မိသားစုတစ်ဦးက BBMကိုပြောပါတယ်။ ဒါ့အပြင် ဧရာ၀တီတိုင်း၊ မော်ကျွန်းမြို့နယ် ဘုရားဒေါင့်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှုး စောစေးမူးက စစ်မှုမထမ်းဆောင်ချင်ပါက တစ်လလျှင် ၆သောင်း ပေးဆောင်ရမယ်လို့ ခြိမ်းခြောက်ကောက်ခံနေတယ်လို့ BBMက စုံစမ်းသိရှိရပါတယ်။

“မော်ကျွန်းမြို့နယ်၊ ဘုရားဒေါင့်အုပ်စုမှာပေါ့။ သူတို့က ပိုက်ဆံကောက်မယ်ပြောတာတော့ကြာပြီ။ အရင်လကမှ စကောက်တာ”

လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။မန္တလေးတိုင်း၊ ချမ်းအေးသာစံအနောက်ပိုင်း တွင်လည်း ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး လပိုင်းအတွင်းမှာပင် စစ်မှုမထမ်းဆောင်လိုပါက တစ်လ ၂သိန်းကျပ်ပေးဆောင်ရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တောင်းခံနေတယ ဒီနေ့အထိပဲလို့ ‌မြို့ခံတစ်ဦးက BBMကိုပြောပါတယ်။

“ဒီသူတို့ စစ်မှုထမ်းဥပဒေထုတ်ပြီး သိပ်မကြာဘူး အစည်းအဝေးဆိုပြီး လူငယ်လူရွယ်ရှိတဲ့အိမ်တွေကို လိုက်ခေါ်တာ။ မဲနှိုက်မလား။ အစားထိုးမလားပေါ့။ အစားထိုးချင်ရင် တစ်လ ၂သိန်းပေးရမယ်ပြောတယ်။ ဘယ်တတ်နိုင်မလဲဗျာ။ သူတို့လက်ခုပ်ထဲကဘ၀တွေပဲ။ ပေးထားရတာပေါ့”

လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်မျက်နှာပေါင်းများစွာဖွင့်ထားရပြီးတော့ လူအင်အားမလုံလောက်တော့တာကြောင့် အခုလို ပြည်သူလူထုကိုပါ စစ်တိုက်ခိုင်းရန် ခြိမ်းခြောက်လာတာ ၁နှစ်ခွဲထဲ ၀င်လာပါပြီ။

Leave a Comment

Latest Post

Latest Post