စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ထရမ့်ရဲ့ အကောက်ခွန်ပေးစာကို အမေရိကန်ရဲ့ ပထမဆုံးအရေးတယူဆက်ဆံမှုအဖြစ် ပီတိဖြစ်နေပြီး ထရမ့်အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေကို ရုတ်သိမ်းပေးရန် မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁ခုနှစ်က မြန်မာနိုင်ငံကို အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထရမ့်ရဲ့ ကုန်ပစ္စည်းတွေအပေါ် ၄၀%တိုးကောက်မဲ့ ခြိမ်းခြောက်စာကို မင်းအောင်လှိုင်က စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံကိုလည်း ဒီထက်မက သာယာ၀ပြောပါစေဆိုပြီး ဆုတောင်းပေးခဲ့ပါသေးတယ်။
အမေရိကန် သံတမန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အစိုးရဆီက မတရား အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ တရား၀င် ဆက်ဆံခြင်းမရှိဖူးပေ။
“ဒါကကျနော်စောင့်ကြည့်နေတဲ့ကာလတစ်လျှောက် ပထမဆုံး တရားဝင် အသိအမှတ်ပြုမှုပါပဲ”
လို့ International Crisis Groupရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Richard Horsey ကဖော်ပြခဲ့ပါတယ်။စစ်ကောင်စီဟာ အဲ့ဒီပေးပို့စာကို သံတမန်ရေးရာအခွင့်အရေးအဖြစ် အသုံးပြုရန် ကြိုးပမ်းနေတယ်လို့ Richardက ဆက်လက်ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်က ၂၀၂၀ခုနှစ်တုန်းက အမေရိကန်လည်း မြန်မာနိုင်ငံလိုပဲ မဲအလိမ်ခံရပြီးတော့ ဂျိုး ဘိုင်ဒန် အနိုင်ရရှိခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။
“၂၀၂၀ခုနှစ်တုန်းက ထရမ့်အနေနဲ့လည်း ကျွန်တော်တို့လိုပဲ ရွေးကောက်ပွဲမှာ စိန်ခေါ်မှုတွေ၊ လိမ်လည်မှုတွေနဲ့ ရှုံးနိမ့်ခဲ့ရတယ်”
လို့ ပြောခဲ့ပါသေးတယ်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံကို လေလှိုင်းကနေ တောက်လျှောက် ဒုက္ခပေးလာတဲ့ Voice of America(VOA)နဲ့ Radio Free Asia (RFA)တို့ကို ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေကို ထရမ့်က ရပ်တန့်လိုက်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ထပ်ဆောင်းပြောခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်ရှိမှာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ကိစ္စအပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်စေခဲ့တဲ့အတွက် နိုင်ငံတကာ တရားစီရင်ရေး တရားရုံးမှာဖမ်း၀ရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားပေးရန် ထရမ့်ကိုတိုက်တွန်းထားပြီး အမေရိကန်နိုင်ငံက မြန်မာကို တင်ပို့တဲ့ ပို့ကုန်တွေအပေါ် ၀%-၁၀% နှုန်းထားနဲ့ အကောက်ခွန် ၁၀%-၂၀% ပေးဖို့ တောင်းဆိုခဲ့ပါတယ်။