Sunday, December 21, 2025
Home » ရွှေဘိုမြို့နယ်တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရခဲ့တဲ့ ဗိုလ်မှူးမှာ ဒဏ်ရာရတာကြောင့် စစ်ကြောင်းမှထားခဲ့တဲ့ဗိုလ်မှူးဖြစ်

ရွှေဘိုမြို့နယ်တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရခဲ့တဲ့ ဗိုလ်မှူးမှာ ဒဏ်ရာရတာကြောင့် စစ်ကြောင်းမှထားခဲ့တဲ့ဗိုလ်မှူးဖြစ်

0 25
25

🟥 အဆိုပါဗိုလ်မှူးရဲ့ အီကွေးမန့်နဲ့ MA-5သေနတ်ကိုပါ သူ့လက်အောက်မှဖြုတ်ယူသွားလို့သိရ

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်း(၃)ကုန်းနဲ့ ပျူရွာတစ်ရွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီဗိုလ်မှူးမှာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တာကြောင့် ၎င်းရဲ့တပ်ဖွဲ့ဝင်များက ချန်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မနက်ပိုင်းမှာ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ဟင်္သာကြီးပျူရွာမှာရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါစခန်းမှ ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီဗိုလ်မှူး ချမ်းလွင်မောင်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တော့ ဒီကောင်တွေက ဆုတ်ပြေးတာ၊အဲ့မှာ ခုမိတဲ့ဗိုလ်မှူးက ဒဏ်ရာရထားတယ်၊ ဒဏ်ရာရသွားတော့၊ မြစ်ချောင်းပေါ့၊ ဧရာဝတီမြစ်ပေါက်ကိုကျော်ရမှာ၊ ကျော်ရမှာဆိုတော့ ဒီကောင်က မကျော်နိုင်တာ မကျော်နိုင်တဲ့အခါမှာ သူ့ရဲ့တပည့်က သူ့ရဲ့အီကွေးမန့်ရယ်၊ MA-5ရယ်ကိုယူသွားပြီး ပြန်လာခေါ်လှည့်မယ်လို့ပြီးထားသွားခဲ့တာပါ”

ဟု တိုက်ပွဲအတွင်းပါဝင်သူ ရွှေဘိုခရိုင်၊ အမှတ်(၁၅)တပ်ရင်း၊တပ်ရင်းမှူးဗိုလ်ကောက်ရိုးမှ BBM ကိုပြောပါတယ်။အရှင်ဖမ်းမိခဲ့တဲ့ အဆိုပါဗိုလ်မှူးမှာ တပ်မ(၃၃)လက်အောက်ခံ ၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ(၁၂)မှ ဒုတပ်ရင်းမှူးအဆင့်ရှိသူဖြစ်ပြီး ၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုအချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ဆေးဖော်ထုတ်နေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရပြီး ချောင်းရိုးမှာပုန်းနေတဲ့အဆိုပါဗိုလ်မှူးကို ၎င်းရဲ့လက်အောက်ခံအဖွဲ့တွေက အင်အား(၄၀)ခန့်လောက်ဖြင့် ဇူလိုင်လ(၅)ရက်နေ့က ပြန်လာခေါ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါစစ်ကြောင်းတစ်ခုလုံးလည်း စစ်ကြောင်းပျက်ကာ ဆုတ်ခွါထွက်ပြေးသွားရတယ်လို့ သိရပါတယ်။

“ဒီဗိုလ်မှူးကို ထားခဲ့တဲ့ သူ့တပည့်တွေက အင်အား(၄၀)လောက်စုပြီးလာခေါ်သေးတယ်၊ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တော့ အဲ့အဖွဲ့တွေလည်း ပြန်ပြေးသွားရတယ်၊ အစောက တော်တော်နဲ့သူ့ကိုမတွေ့ဘူး ရှင်းလင်းရေးလုပ်ရင်း ဗေဒါနဲ့ကိုင်းဘုတ်ကြားထဲမှာပုန်းနေရင်း ရေမွန်းလာလို့ ထတဲ့အချိန်မှ တွေ့ပြီးဖမ်းလာတာ”

ဟု ဗိုလ်ကောက်ရိုးမှဆက်ပြောပါတယ်။ ရွှေဘိုမြို့နယ်အတွင်း ဇူလိုင်လ၄ရက်နေ့မှ ၇ရက်နေ့အထိ အဆိုပါဗိုလ်မှူးကိုဖမ်းဆီးနိုင်ခဲ့တဲ့ ဟင်္သာကြီးပျုရွာတိုက်ပွဲအပြင်၊ ဘိုးနတ်တောင်ဗျူဟာစခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာစခန်းတို့ကို ရွှေဘိုခရိုင် တပ်ရင်း(၁၅၊၁၈၊၂၃၊၂၆၊၁၇၀၁၊၉၇၀၆)နဲ့ တိုက်နယ်(၄)ရွှေဘိုကျားကြီး(ပကဖ)တို့ကပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post