Thursday, March 19, 2026
Home » ဝေါလေ ဗျူဟာစခန်းရဲ့ လက်နက်တိုက်ကိုတော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့တိုက်ခိုက်ဖောက်ခွဲနိုင်

ဝေါလေ ဗျူဟာစခန်းရဲ့ လက်နက်တိုက်ကိုတော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့တိုက်ခိုက်ဖောက်ခွဲနိုင်

0 37

🟥အဆိုပါစခန်းကို တော်လှန်ရေးအင်အားစုတွေကပိတ်ဆို့ထားပြီး စစ်တပ်မှလည်း လေကြောင်းပစ်ကူတွေပေးနေ

ကရင်ပြည်နယ်၊တပ်မဟာ(၆)နယ်မြေအတွင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ဝေါလေဗျူဟာတပ်စခန်းမှ လက်နက်တိုက်ကို Force For Federal Democracy-FFD ဒရုန်းတပ်ဖွဲ့နဲ့ တပ်မဟာ(၆) ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ဖောက်ခွဲနိုင်ခဲ့တယ်လို့ FFD အဖွဲ့မှထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ အဆိုပါစစ်စခန်းကို တော်လှန်ရေးအင်အားစုတွေဘက်က ပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်နေပြီး စစ်ကောင်စီဘက်မှလည်း စခန်းမကျစေရေးအတွက် လေကြောင်းပစ်ကူတွေပေးနေတယ်လို့ သိရပါတယ်။

“ဝေါလေကိုက ဝိုင်းပိတ်ထားတုန်းပါ၊ စကစ ဘက်က လေကြောင်းဗုံးကျဲတာတွေလုပ်ပါတယ်၊ ဒီမနက်ပဲတစ်ခေါက်လာကြဲတယ်”

ဟု မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။ KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်မဟာ(၆)နယ်မြေအတွင်းရှိစစ်ကောင်စီတပ်စခန်းတွေကို မေလလောက်မှစတင်ပြီး ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ တပ်စခန်း(၈)ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်းသိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သားအချို့ကို သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိခဲ့သလို စစ်လက်နက်ပစ္စည်းအမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Comment

Latest Post

Latest Post