Tuesday, December 23, 2025
Home » AAတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခဲယမ်းတွေကိုယူဆောင် ထွက်ပြေးခဲ့တဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြန်လည်ဖမ်းဆီးရမိ

AAတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခဲယမ်းတွေကိုယူဆောင် ထွက်ပြေးခဲ့တဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြန်လည်ဖမ်းဆီးရမိ

0 31
31

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကို ယူဆောင်ပြီး ထွက်ပြေးခဲ့တဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းတွေ ထားတဲ့နေရာကနေ စစ်သုံ့ပန်း ၂ ဦးဟာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးကို ရိုက်နှက်ကာ သေနတ်တစ်လက်နဲ့ ကျည်တောင့် ၂၀ ကျော်ယူဆောင်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“စစ်သုံ့ပန်းတွေကို ထားတဲ့နေရာကနေ စစ်သုံ့ပန်း ၂ ဦးက ထွက်ပြေးသွားတာပါ။အဲဒီနေ့မှာ လုံခြုံရေးယူထားတဲ့ AA တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း သေနတ်ဘောင်နဲ့ ရိုက်နှက်ခဲ့ပါတယ်။ သူတို့ကတော့ သေနတ်တစ်လက်နဲ့ ကျည်ဆံ ၂၀ ကျော်ယူပြီးထွက်ပြေးသွားကြတာပါ ”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်သုံ့ပန်း ၂ ဦးကို အာရက္ခတပ်တော် AA က မောင်တော၊ ဘူးသီးတောင်မြို့နယ်အနှံကို လိုက်လံရှာဖွေခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးရမိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်း ၂ ဦးကို ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင် မွတ်ဆလင်ကျေးရွာအနီးအနား သေနတ်နဲ့အတူ အာရက္ခတပ်တော် AA က ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့လည်း BBM က စုံစမ်းသိရှိရပါတယ်။

“အဲဒီစစ်သုံ့ပန်း ၂ ဦးက မောင်တောကနေ ဘူးသီးတောင်မြို့ကို ထွက်ပြေးလာတာပေါ့။ အာရက္ခတပ်တော် AA ကလည်း လိုက်လံရှာဖွေပြီးတော့ ပြန်လည်ဖမ်းဆီးရမိတာပါ။ သူတို့လက်နက်တွေနဲ့ ထွက်ပြေးသွားတုန်းကဆိုရင် အရပ်သားတွေက အရမ်းကြောက်လန့်သွားကြတယ်”

လို့ မောင်တောမြို့နယ်က AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။ အာရက္ခတပ်တော် AA ဟာ ရခိုင်က မြို့နယ် ၁၄ ခုအထိကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်သုံ့ပန်းထောင်နဲ့ချီကိုလည်း ဖမ်းဆီးရမိထားပါတယ်။

မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း စစ်သုံ့ပန်း ဥပဒေနဲ့အညီ အာရက္ခတပ်တော် AA က ထိန်းသိမ်းရှောက်ထားပြီး ပြန်လည်လွှတ်ပေးမှုတွေလည်း ရှိနေပါတယ်။

မောင်တော၊ ဘူးသီးတောင်၊ မင်းပြား စတဲ့မြို့သိမ်းတိုက်ပွဲကာလအတွင်း လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ထောင်နဲ့ချီကိုလည်း အာရက္ခတပ်တော် AA က လမ်းစရိတ်တွေပေးကာ လွှတ်ပေးမှုတွေရှိခဲ့ပါတယ်။

Leave a Comment

Latest Post

Latest Post