Thursday, August 28, 2025
Home » ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်း‌မြစ်‌ရေ စတင်လျှံတက်လာ‌နေပြီး စိုးရိမ်ရေမှတ်နားရောက်ရှိ

ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်း‌မြစ်‌ရေ စတင်လျှံတက်လာ‌နေပြီး စိုးရိမ်ရေမှတ်နားရောက်ရှိ

0 10
10

ထိုင်းအစိုးရက အရေးပေါ်သတိပေးချက် Emergency Alertအနေနဲ့ သတိပေးAlarmသံများနဲ့ SMSများပေးပို့

ဝီဖာမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေ စတင်မြင့်တက်မှုဖြစ်လာပြီး တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့ မြေနိမ့်ပိုင်း ဒေသတွေမှာ စတင်ရေနစ်မြုပ်လာပြီဖြစ်တာကြောင့် ကြိုတင် သတိထား‌ရှောင်ကျဉ်နိုင်ဖို့အတွက် ထိုင်းအစိုးရက ဒေသစံတော်ချိန် ၃နာရီခွဲနဲ့ ၅နာရီခွဲ၀န်းကျင်ခန့်တို့မှာ အရေး‌ပါ်သတိပေးချက် Emergency Alerts တွေပေးပို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးအကြီးအကျယ် ရွာသွန်းနေတာကြောင့် သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်နားကို ရောက်ရှိလာပြီး ထိုင်း-မြန်မာ အမှတ်(၁)တံတားအနီးတဝိုက်မှာ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့၀င်တွေနဲ့ ထိုင်းစစ်သားတွေ အရံသင့် အ‌နေအထားစောင့်နေတာကို တွေ့မြင်ရပါတယ်။

အရေးပေါ် သတိပေးစာထဲမှာ မယ်ဆိုင်မြစ်ရေလျှံတက်လာတာကြောင့် မြစ်ကြောတစ်လျှောက်မှာရှိတဲ့ ဖုတ်ဖရ၊ မယ်လမတ်၊ မဲဆောက်နဲ့ ထဆောင်ရန်းဒေသတွေမှာရှိတဲ့ မြေနိမ့်ပိုင်းမှာ နေတဲ့ ပြည်သူတွေနဲ့ အရေးကြီးပစ္စညးတွေကို အမြင့်ပိုင်းကို ရွှေ့ထားဖို့အတွက် ကြိုတင်သတိပေးထားပါတယ်။

အဲ့ဒီ မြစ်ရေ မြင့်တက်မှုဟာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၃ရက် ညနေ ၆နာရီမှာ စတင်မှာဖြစ်တယ်လို့လည်း သတိပေးစာထဲမှာ ပါရှိပါတယ်။

“နောက်ပိတ်ဆုံးတော့ အိမ်ပစ်ပြေးရတဲ့ဘ၀ရောက်ရှိသွားပါပြီ။ အိမ်ကိုမိန်းချ လူလွတ်အောင်ပြေးနေရပါပြီ”

လို့ မယ်တောင်မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၆ရက်နေ့ကလည်း သောင်ရင်းမြစ်ရေ ရုတ်တရက် လျှံတက်လာခဲ့တာကြောင့် မြန်မာနိုင်ငံမြ၀တီမှာရော ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပါ ကားတွေ နစ်မြုပ်တဲ့အထိ ရေဘေးသင့်ခဲ့ပါသေးတယ်။

အခုလက်ရှိ ၂၀၂၅ခုနှစ်မှာတော့ ထိုင်းဘက်ခြမ်း လူမှုကယ်‌ဆယ်ရေး အဖွဲ့တွေက အသင့်အနေအထား ပြင်ထားတာမျိုးတွေ အစိုးရပိုင်းက ပြည်သူတိုင်းဆီကို သတိပေး SMSတွေပေးပို့တာမျိုးတွေ လုပ်လာခဲ့တာပဲဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post